String
Part 24
Jin အိမ်ထဲဝင်ဝင်ချင်း ဖိနပ်ချွတ်မှာ တွေ့လိုက်ရတဲ့ မိန်းကလေး ဖိနပ်တစ်စုံကြောင့် အိမ်ဝမှာရပ်နေတဲ့ အမေ့ကို မေးလိုက်မိ၏။
"Hae Yoon ရောက်နေတာလား"
"မဟုတ်ဘူး ဟိုဖက်အိမ်က ကလေးမလေး ...... ပန်းပင်တွေ လက်ဆောင်လာပေးရင်းနဲ့ တခါတည်း ညစာစားဖို့ ဖိတ်လိုက်တာ ...... သား ရေချိုးပြီးရင် ဆင်းလာခဲ့လေ ... ဒီနေ့တော့ အမေတို့ သုံးယောက်တည်းရှိတယ် ...... သား အဖေက သွားစရာရှိလို့ ဆိုပြီး ခုနကမှဖုန်းဆက်တယ်"
"ဟုတ် အမေ ...... ကျွန်တော် ပြီးရင် ဆင်းလာခဲ့ပါ့မယ်"
"ဒါနဲ့ ...... သားငယ် ကလည်း ဒီည Hae Yoon စောင့်ပေးမှာမို့လို့ ဆေးရုံကို မလာလည်း ရတယ်လို့ ဖုန်းဆက်လာတယ် ...... သား ဆီကို ဖုန်းဆက်တာ ဆက်လို့ မရလို့တဲ့"
"arr ...... ဟုတ်သားပဲ ကျွန်တော် ဖုန်းကို silent လုပ်ထားပြီး မေ့နေတာ ...... ဒီကောင်လေးက အခုတော့ အစ်ကို့ ကိုတောင် မလိုတော့ဘူးပေါ့... ပြန်လာမှ တွေ့ဦးမယ်"
သူ့ စကားကို အမေက သဘောကျစွာဖြင့် ရယ်လျှက်
"ကဲ ... သား မြန်မြန်ရေချိုးပြီး ဆင်းလာခဲ့ ...... Ji Na စောင့်နေတာ အားနာဖို့ ကောင်းတယ်"
"ဟုတ် အမေ ......"
Jin အိမ်ပေါ်ထပ်သို့ တက်ခဲ့ပြီး ရေအမြန်ချိုးကာ ပြန်ဆင်းလာခဲ့မိသည်။ သူ ထမင်းစားခန်း ထဲရောက်တော့ Apron လေး ဝတ်ကာ အမေ ချက်ပြုတ်နေတာကို ဘေးကနေ ဝိုင်းကူပေးနေတဲ့ Ji Na ကိုတွေ့လိုက်ရ၏။ အမေကလည်း Ji Na နှင့် အတော် အဆင်ပြေနေပုံရလေသည်။ အမေနှင့် Ji Na ချက်ပြုတ်နေကြတာကို သူ ရပ်ကြည့်နေတာကို မြင်သွားတော့ အမေက ......
"သား ...... ဒါလေးတွေ စားပွဲပေါ် ချပေးပါလား ...... "
"ဟုတ် ...... အမေ"
သို့နှင့် သုံးယောက်သား ချက်ပြုတ် ပြင်ဆင်ကာ ညနေစာ အတူ စားဖြစ်ခဲ့ကြသည်။ ထမင်းဝိုင်းမှာ အမေနှင့် Ji Na က စကားဖောင်ဖွဲ့လို့နေတော့ သူ့တစ်ယောက်တည်း သီးသန့်ဖြစ်လေသည်။ ဒီလိုကျတော့လည်း Ji Na က Soon Young နှင့် ကွဲပြားနေသလို ထင်မိပြန်သည်။ Soon Young ရဲ့အကျင့်အရ ဒီလို အပြင်လူတွေနှင့် ရင်းနှီးကျွမ်းဝင်နေလေ့မရှိ ...... အခု Ji Na ကျတော့ သိပ်မကြာသေးခင် အချိန်လေး အတွင်းမှာပင် အမေနှင့် ရင်းနှီးလို့နေလေသည်။