Part 3 (Zawgyi)

50.7K 4.4K 66
                                    

'၀ုန်း'

'အ'

ဆက်ပိုင် အားကုန်တွန်းခံလိုက်ရသည်မို့ အခန်းတံခါးလက်ကိုင်နှင့် ကျောကုန်းအရှိန်ပြင်းစွာ ဆောင့်မိသွားသည်။ ဖင်ထိုင်ရက်ပြုတ်ကျသွားပြီး မျက်ရည်များဝဲသည်အထိ နာကျင်သွားသည်။

သူ့ကိုမုန်းတီးစွာ စိုက်ကြည့်နေသော ထက်ပိုင်ကိုကြောက်ရွံ့စွာ မော့ကြည့်မိသည်။ နာကျင်သည်ကို မညည်းမိအောင် ပါးစပ်ကိုတင်းတင်းပိတ်ထားမိသည်။ သူ့အသံကိုကြားမိပြီး ဦးထွန်းဟန် နောက်ပြန်လှည့်လာမည်ကို သူ မလိုလားပါ။ အထူးသဖြင့် ထက်ပိုင် သူ့ကြောင့်နောက်ထပ်အဆူမခံရစေချင်တော့ပါ။

"မင်း ဘာလို့လိုက်လာတာလဲ .. ငါတို့အိမ်ကို မင်းလာစရာမရှိဘူး.."

ဆက်ပိုင် မဖြေရဲပါ။ ဘယ်အဖြေကမှ ထက်ပိုင်ဒေါသကို ပျောက်စေမှာ မဟုတ်သဖြင့် ခေါင်းငုံ့ထားမိသည်။ သူသည် သွားလေရာမှာ အခြားသူများကို ဒုက္ခရောက်စေသည့် ပြဿနာကောင်လေးတစ်ယောက်ဆိုတာ ဆက်ပိုင်သိသည်။

"မင်း ထွက်သွားစမ်း.. ငါပြောတာကြားလား မိစ္ဆာကောင်လေး.. ဒီအိမ်ကနေမင်းထွက်သွား.. မင်းကို မေမေကလည်းမလိုချင်ဘူး.. ငါကလည်းမလိုချင်ဘူး.. နားလည်လား"

ထက်ပိုင် ဒေါသတကြီးပြောကာ သူ့ကိုခြေထောက်နှင့် လှမ်းကန်လာသည်။ ဆက်ပိုင်မငိုပါ။ ဘာသံမှမထွက်အောင်သာ အံကိုတင်းတင်းကြိတ်ထားပြီး ထက်ပိုင်စိတ်ဆိုးပြေမည့်အချိန်ကို စောင့်နေမိသည်။

သူ့ဘ၀တွင် အရိုက်အကန်ခံရသည်မှာ ပြောပလောက်သည့် ကိစ္စတစ်ခုမဟုတ်။ မေမေစိတ်ဆိုးကာ ရိုက်နှက်သည့်အခါတိုင်းလည်း သူ ခေါင်းငုံ့ခံကာ ဆိတ်ဆိတ်နေတတ်မြဲဖြစ်သည်။

ထက်ပိုင်သူ့ကို အရှိန်ပြင်းစွာ နောက်တစ်ချက်ကန်ပြီးမှ ကုတင်ပေါ်မှောက်ချလိုက်သည်။ တုန်နေသော ထက်ပိုင် နောက်ကျောကိုလှမ်းကြည့်ကာ အသံမထွက်ဘဲ ငိုနေသည်ဆိုတာကို သူသိသည်။

ဆက်ပိုင် မျက်ရည်များ ထိန်းမရတော့။

အခြားသူများ စိတ်ဆင်းရဲအောင် သူ လုပ်မိပြန်ပြီဖြစ်သည်။ ဆက်ပိုင် ၀မ်းဗိုက်တစ်ခုလုံး နာကျင်နေရသဖြင့် လက်နှစ်ဖက်ဖြင့် ဒူးနှစ်ချောင်းကို တင်းတင်းဖက်ထားမိသည်။

စည်းWhere stories live. Discover now