Part 20 (Unicode)

58.9K 4.6K 303
                                    


နေ့လယ်ခင်းနေရောင်နွေးနွေးက အခန်းပြတင်းပေါက်မှ တိုးဝင်ကာ စားပွဲပေါ်ဖြာကျနေသည်။ ဘယ်အချိန်ရှိ၍ ဘယ်နှစ်နာရီထိုးပြီဆိုတာကို ဆက်ပိုင်မသိပါ။ သူ သိသည်က ကြည်နူးလှပသော ခံစားချက်တစ်ခု။ ဘယ်တုန်းကမှ မခံစားဘူးသော ချိုသာလွန်းသည့် စိတ်ခံစားမှုတစ်ခုက အေးစိမ့်သောစမ်းချောင်းတစ်ခုလို သူ့သွေးကြောများထဲမှာ စီးဆင်းနေသည်။
တစ်ချိန်တည်းမှာပင် ဒီလှပသောအိပ်မက်တစ်ခုသည် မိုးလင်းချိန်နှင့်အတူ အားလုံးပျောက်ဆုံး သွားတော့မည်ဆိုတာကို သူနားလည်သည်။ ဖြစ်နိုင်မည်ဆိုလျှင် ဒီနေ့ ဒီရက် အချိန်နာရီများကို သူ ရပ်တန့်စေချင်ပါသည်။

ထက်ပိုင်၏ အသက်ရှူငွေ့သဲ့သဲ့က သူ့ပခုံးပေါ် ပုံမှန်ကျရောက်နေသည်။ ထက်ပိုင်မျက်နှာက သူ့နောက်ဘက်မှ ဆံပင်များကြားမှာ ရှိနေသည်။ တင်းကြပ်စွာပွေ့ဖက်ထားသော လက်များက သူ့တစ်ကိုယ်လုံးကို နွေးနေစေသည်။ ဆက်ပိုင် သူ့လက်မောင်းကိုကျော်ဖက်ထားသည့် ထက်ပိုင်လက်များကို တင်းတင်းဆုပ်ထားမိသည်။ ဖြစ်နိုင်လျှင် သူ ထက်ပိုင်ကို ဘယ်လောက်ချစ်ရ၊ မြတ်နိုးရ၊ တွယ်တာရသည်ဆိုတာကို ထိုလက်များမှတစ်ဆင့် ထက်ပိုင်ကိုယ်တွင်းစီးဆင်းသိရှိသွားစေချင်သည်။

ရုတ်တရက် စားပွဲပေါ်မှ ဆက်ပိုင်၏ဖုန်းသည် တိတ်ဆိတ်နေသော အခန်းငယ်အတွင်း ကျယ်လောင်စွာမြည်လာခဲ့သည်။

"မဖြေနဲ့ကွာ။"

ထက်ပိုင်လေသံတိုးတိုးကို ကြားလိုက်ရသည်။ သူတို့နှစ်ယောက် ဒီအတိုင်းငြိမ်သက်စွာ အချိန်ကြာမြင့်စွာ လှဲလျောင်းနေခဲ့ကြသည်။ မျက်စိများစူးအောင့်နေသည်အထိ အိပ်ချင်သော်လည်း ဆက်ပိုင်မအိပ်မိ။ ထက်ပိုင်နားမှာ ရှိနေရသည့် တစ်စက္ကန့်လောက်ကိုပင် သူမဆုံးရှုံးစေချင်ပါ။

"ဒါနဲ့ဆို ဖုန်းခေါ်တာ သုံးခါရှိပြီ ကိုထက်။ ရန်နိုင်ပဲဖြစ်မယ်။ ကျွန်တော်မဖြေရင် ဒီကောင်အိမ်အထိလိုက်လာလိမ့်မယ်။"

ဆက်ပိုင် စကားအဆုံး ထက်ပိုင်ထံမှ စိတ်ပျက်သက်ပြင်းချသံကြားလိုက်ရသည်။ ဖက်ထားသော လက်များကို ဖြေလျှော့ပေးလိုက်သည်။ အခုအချိန်အထိ အကြိမ်များစွာ မြည်နေသောဖုန်းကို ဆက်ပိုင်လှမ်းယူလိုက်သည်။ သူထင်သည့်အတိုင်း ရန်နိုင်ဖြစ်သည်။

စည်းWhere stories live. Discover now