"ဟောဗျာ.. ကိုမင်းသူ.. အခုမှလာလား"
ကျောင်းဂိတ်ဝမှလှမ်းဝင်လာသော မင်းသူကို ဆက်ပိုင်မြင်ကာ ပြောလိုက်ခြင်းဖြစ်သည်။
ထက်ပိုင် ငယ်သူငယ်ချင်းတစ်ယောက်ဖြစ်သူ မင်းသူသည် အရပ်ပုပု အသားပြည့်ပြည့်နှင့်ဖြစ်သည်။ ၀သည်တော့ မဟုတ်။ အရပ်ရှည်သည်ထင်ရအောင် ကျောင်းစိမ်းပုဆိုးကို မြေပြင်ပေါ် တရွတ်တိုက်ဆွဲနေသည်အထိ ရှည်လျားစွာဝတ်ဆင်ထားတတ်သည်။
မင်းသူနှင့်ထက်ပိုင်တို့ အခန်းချင်းမတူပါ။ ဒါပေမယ့် မူလတန်းကတည်းက ခင်မင်ပေါင်းသင်းလာသည့် ခင်မင်မှုကတော့ တည်မြဲနေမြဲဖြစ်သည်။
ကျောင်းဂိတ်နောက်တွင် မတ်တပ်ရပ်နေကြသော ထက်ပိုင်တို့နှစ်ယောက်ကိုတွေ့တော့ မင်းသူ အံ့သြသွားသည်။ ပြီးမှ မမြင်ယောင်ဆောင်ကာ ဂိတ်တံခါးဝကိုတွန်းဖွင့်ဝင်ကာ သူတို့နှစ်ယောက်ရှေ့မှ လေချွန်ဖြတ်ကျော်လျှောက်သွားသည်။ ဒါပေမယ့် မင်းသူရှေ့တည့်တည့်မှာ ထက်ပိုင် လမ်းပိတ်ရပ်လိုက်သည်။
"ဒါက ဘယ်သွားမှာလဲ.."
"ဘယ်သွားရမှာလဲကွ.. ကျောင်းတက်မလို့ပေါ့.."
အဆဲတစ်ဝက်နှင့် မင်းသူဖြေလိုက်သည်။
"အပိုတွေပြောမနေနဲ့.. မင်း ကျောင်းနောက်ကျတာမဟုတ်လား... ဒီမှာလာရပ်.."
"မင်း သူငယ်ချင်းအချင်းချင်းဒီလောက်အကျင့်မပုပ်စမ်းပါနဲ့.. မမြင်ချင်ယောင်ဆောင်.. ငါသွားတော့မယ်..."
"မရဘူးကွ... သူငယ်ချင်းတွေ ဘာတွေလုပ်မနေနဲ့.. တာဝန်ကတာဝန်ပဲ.. လာ လာ.. ဒီကိုလာ"
"ဘာတာဝန်လဲ.. မင်းကိုယ်တိုင်ကျောင်းနောက်ကျလို့ဒဏ်ခတ်ခံနေရတာမဟုတ်လား.."
မင်းသူ စိတ်ညစ်သွားသည်။ ထက်ပိုင်လျှော့ပေးမည် မဟုတ်မှန်းသိသည်မို့ ကျောပိုးအိတ်ကို စိတ်ပျက်လက်ပျက်ချွတ်ကာ ထက်ပိုင်တို့ဘေးနားလာရပ်လိုက်ရသည်။
"ဒီကောင်လုပ်လို့ မင်းပါကျောင်းနောက်ကျပြန်ပြီပေါ့.. ဟုတ်လား ဆက်ပိုင်"
ဆက်ပိုင် ဘာမှမပြော။ တစ်ချက်သာပြုံးပြသည်။
"ငါ ဘာမှမလုပ်ဘူး.. သူ့ဘာသာစက်ဘီးနင်းတာ နှေးနေလို့ နောက်ကျတာ"
YOU ARE READING
စည်း
Romance(Unicode & Zawgyi) ပင်လယ်ဆိုသည်မှာ လေညင်းအောက်တွင် သာယာငြိမ့်ညောင်းစွာ လှုပ်ခတ်ရုံ လှုပ်ရှားပြီး ပြင်းထန်သော လေပြင်းအောက်တွင်မူ ဒေါသမာန်ကြီးစွာ ရုန်းကန်လာခဲ့မည်။ ခွန်းထက်ပိုင်သည်လည်း ပင်လယ်တစ်ခုဖြစ်ခဲ့သည်။ သူ၏ တည်ငြိမ်အေးချမ်းနေသည့် ဘဝပင်လယ်တွင် မုန...