Part 17 (Unicode)

55.4K 4.6K 294
                                    

လေအေးပေးစက်ကြောင့် မှန်အပြည့်ကာထားသော ဆိုင်ခန်းတစ်ခုလုံး အေးမြနေသည်။ က့ံကော်နံ့ အမွှေးဗူးလေးမှ အနံ့သင်းသင်းလေးမှာလည်း ဆိုင်လာဧည့်သည်များ၏ စိတ်ကိုငြိမ်းချမ်းအေးမြစေသည်။ ဆိုင်တစ်ဆိုင်လုံး နေရာတိုင်းလိုလို ကိုယ်လုံးပေါ်မှန်များရှိနေ၍ အရိပ်ပေါင်းများစွာ ထင်ဟပ်နေသည်။ အဖြူရောင် သတို့သမီးဂါဝန်များဝတ်ဆင်ပေးထားသည့် အလှကော်ရုပ်များနှင့် ဆိုင်ရှေ့ခန်းတစ်ခုလုံး ပြည့်နှက်နေသည်။ ဖြူဖွေးသော ဂါဝန်အကျီင်္များမှာ အဆင်အမျိုးမျိုး၊ ဒီဇိုင်းအမျိုးမျိုးဖြင့် ခန့်ညားစွာ ဆိုင်တစ်ခုလုံးနေရာယူထားသည်။

ရွှေစင့်အတွက် သတို့သမီးဝတ်စုံရွေးချယ်ရန် ထက်ပိုင်တို့အားလုံး ရန်ကုန်မြို့လယ်မှ နာမည်ကြီး သတို့သမီးဝတ်စုံရောင်းဆိုင်တစ်ခုသို့ ရောက်နေကြခြင်းဖြစ်သည်။ ဒါပထမဆုံးအကြိမ်မဟုတ်ပါ။ တတိယအကြိမ်ဖြစ်သည်။ ရွှေစင့်စိ်တ်တိုင်းကျ ဝတ်စုံတစ်ခုရဖို့သည် ကောက်ရိုးပုံမှာ အပ်ရှာရသည်ထက် ပို၍ခက်မည်ထင်သည်။
လက်မှတ်ထိုးရာတွင် ရိုးရာမြန်မာဝတ်စုံနှင့် ဝတ်ဆင်ချင်ပြီး နေ့လယ်စာဧည့်ခံချိန်မှာတော့ အနောက်တိုင်းဂါဝန်ကို ရွှေစင်ရွေးချင်သည်။ မြန်မာဝတ်စုံအတွက် ဘာမှအခက်အခဲမရှိဘဲ လွယ်ကူစွာ ရှာဖွေဝယ်ယူနိုင်ခဲ့သော်လည်း အခုဂါဝန်ကျမှ သူမစိတ်တိုင်းကျမတွေ့ရဖြစ်နေသည်။

ဆိုင်ထဲတွင် ထက်ပိုင်တို့သာမက အခြားစုံတွဲတစ်တွဲလည်းရှိသည်။ ကောင်လေးလက်မောင်းကို တင်းတင်းဆုပ်ထားသည် မိန်းကလေး၏မျက်လုံးများမှာ အရောင်တောက်နေသည်။ မင်္ဂလာဝတ်စုံရွေးသည်နှင့်မတူဘဲ အပျော်ခရီးထွက်လာကြသလို ရယ်သံများနှင့်ဆူညံနေသည်။ အကျီင်္အသား၊ အရောင်များကို ကိုင်တွယ်ကြည့်နေသော ကောင်မလေးကို ငုံ့ကြည့်သည့်ကောင်လေးမျက်လုံးများက ရွှန်းလဲ့နေသည်။

အချစ်ဆိုသည်မှာ ဒါပဲဖြစ်မည်ထင်သည်။ ထက်ပိုင် အားကျစွာ၊ ဝမ်းနည်းနာကျင်သွားမိသည်။ သူကတော့ မပြုံးတတ်တော့ပါ။ ရယ်ဖို့ဆိုတာကိုတော့ အချိန် အတန်ကြာကတည်းက သူမေ့သွားခဲ့ပြီဖြစ်သည်။ နေ့စဉ်ပုံမှန် စားသောက်နေထိုင်နေသော သူ့ဘဝတွင် ပျော်ရွှင်မှုဆိုသည်က ဆိတ်သုဉ်းသွားခဲ့သည်မှာ တစ်နှစ်ကျော်ပင်ရှိတော့မည်ဖြစ်သည်။ သူ့ဘဝထဲမှ ဆက်ပိုင် ထွက်သွားစဉ်ကတည်းကဆိုလည်း မမှားပါ။ တိတ်ဆိတ်သွားသော သူ့ဘဝထဲတွင် နောင်တနှင့် နာကျင်ခြင်းမှလွဲ၍ ဘာမှမကျန်တော့။ ဆက်ပိုင်သူ့ဘဝထဲ ဝင်လာကာစက ထိုကောင်လေးကို သူ့အစွမ်းရှိသမျှ အဝေးသို့မောင်းထုတ်ဖို့ ကြိုးစားခဲ့ဖူးသည်။ အခု ဆက်ပိုင် သူ့ဘဝထဲက အပြီးတိုင်ထွက်သွားတော့လည်း ခြောက်သွေ့နာကျင်စွာ ကျန်ရစ်ခဲ့ရသည်။

စည်းWhere stories live. Discover now