ဇာတ်သိမ်းပိုင်း

91.1K 5.7K 351
                                    

နေရောင်စူးစူးက ပိတ်ထားသော သစ်သား ပြတင်းပေါက်ကြားမှ တိုးဝင်ကာ မဖွင့်ချင်သေးသော ဆက်ပိုင်၏ မျက်လုံးများပေါ်သို့ ကျရောက်လာသည်။ ဂွမ်းစောင်အကွက်ကို ပခုံးထိဆွဲခြုံကာ ဆက်ပိုင် တစ်ဘက်လှည့်လိုက်သည်။ သူဆက်အိပ်ချင်သေးသည်။
သစ်သားကြမ်းခြားမှ စိမ့်ဝင်လာသော ဆောင်းတွင်းအအေးက အရိုးထိစိမ့်ချမ်းသွားစေသည်။ ကုတင်တစ်လုံးတော့ ဝယ်မှဖြစ်မည်ဟု ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ သူ စဉ်းစားမိသည်။ ဒါပေမယ့် ထားဝယ်ရောက်သည်ပင် နှစ်နှစ်နီးပါးရှိခဲ့ပြီဖြစ်သည်။ အခုအချိန်အထိ မွေ့ရာကိုကြမ်းပေါ်ချကာ အိပ်တုန်းဖြစ်သည်။

"ဆက်ပိုင်.."

အခန်းတံခါးကိုတဒုန်းဒုန်းထုကာ ခေါ်သံကြောင့် ဆက်ပိုင် ငေါက်ခနဲ ထထိုင်မိလိုက်သည်။ အိပ်ချင်စိတ်မပြေသေးသောကြောင့် ဘာတွေဖြစ်နေသည်ကို ရုတ်တရက်နားမလည်။ မင်းသူအသံနှင့် ခပ်ဆင်ဆင်တူသော ခေါ်သံတစ်ခုကြောင့် သူ အိပ်မက်မက်နေတာလားဟု တွေးမိသည်။

"ဆက်ပိုင်.. ထတော့လေကွာ။"

သူငယ်ချင်းဖြစ်သူ ရန်နိုင့်အသံကိုပါ သူကြားလိုက်ရသည်။ သူ အိပ်မက်မက်နေသည်မဟုတ်ပါ။ ဒီတော့မှ မနေ့က ရန်နိုင်၊ မင်းသူနှင့် နောင်တို့ပါ ထားဝယ်ကိုရောက်နေသည်ကို အမှတ်ရမိသွားသည်။

"ဟေ့ကောင်.. ထတော့ကွ။ ငါတို့အားလုံး အဆင်သင့်ဖြစ်နေပြီ။"

ရန်နိုင် သူ့အခန်းတံခါးကို ဖွင့်ဝင်လာသည်။ ကြမ်းပြင်ပေါ်မှ ဆက်ပိုင်ကိုကျော်တက်ကာ အခန်းနံရံမှ သစ်သားပြတင်းပေါက်ကို ဆွဲဖွင့်လိုက်သည်မို့ စူးရှသောနေရောင်က တောက်ပစွာ အခန်းထဲသို့ဝင်ရောက်လာသည်။ ဆက်ပိုင် အခုအချိန်အထိ အိပ်ချင်မပြေသေးသော မျက်လုံးများကို အတင်းဖွင့်နိုင်ရန် ကြိုးစားနေမိသည်။ ညက ညည့်နှစ်ရာရီကျော်မှ အိမ်ပြန်ရောက်ကာ မနက်၃နာရီထိုးကာနီးမှ သူ အိပ်ရာဝင်ဖြစ်သည်။

"ဘယ်အချိန်ရှိပြီလဲ ရန်နိုင်။"

"ဆယ်နာရီထိုးတော့မယ်။"

"ဆယ်နာရီ။ မင်းတို့မာလာနဲ့ ချိန်းထားတယ် ၁၁ နာရီ မဟုတ်လား။ ဟာကွာ။ မင်း ငါ့ကိုစောစောနှိုးတာမဟုတ်ဘူး။"

စည်းWhere stories live. Discover now