"ဟေ့ကောင်..မင်း ငါတို့နားမလာနဲ့.."
"ဝေးဝေးသွားစမ်းကွာ.. အဖေမရှိတဲ့ကောင်.."
"အေးလေ.. မင်းမရှက်ဘူးလား.. သွားစမ်းကွာ .. ငါတို့နားမလာနဲ့.."
ရန်လိုနေကြသည့် ကောင်လေးများကို ဆက်ပိုင် ငိုင်ကြည့်နေမိသည်။ သူကျောင်းစတက်ကတည်းက ဘယ်သူမှ သူနှင့်သူငယ်ချင်းမလုပ်ချင်သည်ကို နားလည်မိသည်။ ဒါ့ကြောင့်လည်း တစ်ယောက်တည်း အားလုံးနှင့် ခပ်ဝေးဝေးမှာ နေခဲ့သည်။ ဒါပေမယ့် ရန်လိုသည့်ကလေးများကိုတော့ သူရှောင်၍မရ။
မုန့်စားကျောင်းဆင်းချိန် တစ်ယောက်တည်း အခန်းပြင်ထွက်လာခဲ့ခြင်းဖြစ်သည်။ သူသွားထိုင်နေကြနေရာဖြစ်သော ကျောင်းထောင့်သစ်ပင်အောက်ကိုရောက်ရန် ဘောလုံးကန်နေသည့် ကောင်လေးသုံးလေးယောက်နားမှ ဖြတ်လျှောက်သွားမိခြင်းဖြစ်သည်။ အခုတော့ ပတ်ချာလည် လမ်းပိတ်ရပ်နေသော ကောင်လေးများကြားမှာ သူထွက်ပေါက်မရှိပိတ်မိနေသည်။
"ဘာရပ်ကြည့်နေတာလဲ.."
"နာချင်ပြီနဲ့တူတယ်.. ကဲကွာ.."
"ကဲကွာ.."
ကောင်လေးများ၏ လက်သီးနှင့်လက်ဝါးများက ဆက်ပိုင်ကျောပြင်နှင့်ခေါင်းပေါ် အဆက်မပြတ်ကျရောက်လာသည်။ ဆောင့်ကြောင့်ထိုင်ကာ ခေါင်းကိုလက်များနှင့်အုပ်ကာ ကာထားမိသည်။
"ဟေ့ကောင်တွေ.. တော်တော့.. မင်းတို့တရားလွန်နေပြီ.."
ပြတ်သားသာ အသံတစ်ခုနောက်မှာ ဆက်ပိုင်ဘေးမှ ကောင်လေးများ နောက်ဆုတ်သွားသည်။
"မင်း မသိဘူး ထက်ပိုင်.. ဒီကောင်က အဖေမရှိဘဲ မွေးတဲ့ကောင်.."
"အဲဒါဘာဖြစ်လဲ.. မင်းတို့ကိုသူ ဘာလုပ်လို့လဲ..အလကားကောင်တွေ.. သွားစမ်းကွာ.."
ဆက်ပိုင် မျက်ရည်များကြားမှ ကျောင်းစိမ်းဘောင်းဘီတိုနှင့် အရပ်မြင့်မြင့်ကောင်လေးကို ခေါင်းမော့ကြည့်မိသည်။ သူ့ထက်အတန်းကြီးသည့် ကောင်လေးတစ်ယောက်။ ထိုးထောင်နေသော ဆံပင်မည်းများက နေရောင်အောက်မှာ တောက်ပနေသည်။
YOU ARE READING
စည်း
Romance(Unicode & Zawgyi) ပင်လယ်ဆိုသည်မှာ လေညင်းအောက်တွင် သာယာငြိမ့်ညောင်းစွာ လှုပ်ခတ်ရုံ လှုပ်ရှားပြီး ပြင်းထန်သော လေပြင်းအောက်တွင်မူ ဒေါသမာန်ကြီးစွာ ရုန်းကန်လာခဲ့မည်။ ခွန်းထက်ပိုင်သည်လည်း ပင်လယ်တစ်ခုဖြစ်ခဲ့သည်။ သူ၏ တည်ငြိမ်အေးချမ်းနေသည့် ဘဝပင်လယ်တွင် မုန...