Part 10 (Unicode)

52.5K 4.7K 378
                                    


တိုက်ခန်းပြတင်းပေါက်မှ မီးရောင်တစ်ခု ဖြာကျနေသည်။ တိုက်ခန်းထဲတွင်တော့ ဘာအလင်းရောင်မှ ရှိမနေ။ မီးတွေအားလုံးမှိတ်ထားသဖြင့် အခန်းတစ်ခုလုံး အပြင်မှတိုးဝင်လာသော လမ်းမီးရောင်တစ်ချို့မှလွဲ၍ မှောင်ရိပ်သန်းနေသည်။ ရန်ကုန်မြို့ညချမ်းသည် တိတ်ဆိတ်မနေပါ။ အရှိန်ပြင်းစွာ မောင်းနှင်သွားသော ကားသံများကို တစ်ခါတစ်ခါ ကြားနေရသည်။
ထက်ပိုင် ကျွန်းသစ်ပါကေး ခင်းထားသော ကြမ်းပြင်ပေါ် ခြေချရပ်လိုက်သည်။ ကုတင်ဘေးနားမှ မှန်စားပွဲဝိုင်းပုလေးပေါ်မှ စီးကရက်ဘူးထဲမှ စီးကရက်တစ်လိပ်ကို လှမ်းယူလိုက်သည်။

"ကို..."

ရွှေစင့်ခေါ်သံတိုးတိုးကို ကြားလိုက်ရသည်။ ကုတင်ပေါ်မှ ရွှေရောင်ဆံပင်များ ပြန့်ကျဲနေသော ရွှေစင်သည် ပန်းချီကားတစ်ချပ်လို လှပါသည်။ စောင်ပါးကို ပခုံးထိအောင် လွှမ်းခြုံထားသည့် ရွှေစင့်ပခုံးဖြူဖြူလေးများက ဖြာကျနေသော မီးရောင်အောက်တွင် ဝင်းဝါနေသည်။ ထက်ပိုင် စီးကရက်ကို နှုတ်ခမ်းထောင့်တွင် တပ်လိုက်ကာ အဖြူရောင်မီးခြစ်ပါးလေးကို လှမ်းယူမီးညှိုလိုက်သည်။

"ဘာလဲရွှေစင်။"

"ရွှေစင်တို့ ဒီလိုပဲနေကြတော့မှာလား။"

စီးကရက်ကို လက်ချောင်းနှစ်ခုနှင့် ညှပ်ဖယ်လိုက်ရင်း မီးခိုးငွေ့များကို လေပူတစ်ချက်နှင့်အတူ မှုတ်ထုတ်လိုက်သည်။

"ကို ဒီအတိုင်းပဲနေချင်တယ် ရွှေစင်။"

"ရွှေစင်က မိန်းကလေး ကို။ ရွှေစင့်အတွက် နည်းနည်း ထည့်စဉ်းစားပါဦး။"

ရွှေစင့်အသံမှာ ဒေါသသံတစ်ချို့ရောနှက်သွားသည်။ ခေတ်မီပရိဘောဂများနှင့် ပြည့်နှက်နေသော အခန်းကို ထက်ပိုင် တစ်ချက်လှမ်းကြည့်လိုက်သည်။ တိုက်ခန်းတစ်ခုလုံးကို ပါကေးခင်းထားသည်။ ရွှေစင်ရှိနေရာ နှစ်ယောက်အိပ်ကုတင်ကြီးမှာလည်း ရေမြှုပ်မွေ့ရာထူဖြင့် အိစက်နေသည်။ ဒီတိုက်ခန်းသည် ရွှေစင့်ဖခင်ပိုင် တိုက်ခန်းတစ်ခုဖြစ်သည်။ သူနှင့်ရွှေစင် ဒီနေရာမှာ မကြာခဏ တွေ့ဖြစ်သည်မှာလည်း ကြာခဲ့ပြီဖြစ်သည်။ သူတို့ တက္ကသိုလ်ကျောင်းသားဘဝကတည်းက ဖြစ်သည်။ တကယ်တော့ ရွှေစင့်ပြောသည်ကို သူ နားလည်ပါသည်။ သူနှင့်ရွှေစင်က သာမာန်ချစ်သူမျိုးမဟုတ်။ စည်းကျော်ခဲ့ကြသည်မှာကြာပြီဖြစ်သည်။ ခက်သည်က ဒါကို ထက်ပိုင်အနေဖြင့် အရေးတကြီး လက်ထပ်ရမည့် ကိစ္စတစ်ခုလို သဘောမထားနိုင်တာပင်ဖြစ်သည်။ ဆက်သောက်ချင်စိတ် ကုန်သွားပြီဖြစ်သော စီးကရက်ကို ကျောက်ပြာခွက်အဖြူထဲ ဖိထည့်လိုက်သည်။

စည်းWhere stories live. Discover now