Part 15

43.3K 3.9K 53
                                    

အဝေးပြေးကားဂိတ်ကားဂိတ်တစ်ခုလုံး ရပ်တန့်ထားသော မှန်လုံကားကြီးများ၊ ခရီးသွားများဖြင့် ပြည့်နှက်နေသည်။ ခရီးသည်များကို လိုက်ပါပို့ဆောင်ပေးသည့် တက္ကစီကားသေးများသည်လည်း အဝေးပြေးဂိတ်ထဲ ၀င်လိုက်ထွက်လိုက်ဖြင့် ရှုပ်ရှက်ခတ်နေသလို စားသောက်ဆိုင်၊ ထမင်းဆိုင်များသည်လည်း စားသုံးသူများနှင့် ပြည့်နှက်နေသည်။

တက္ကစီကားပေါ်မှဆင်းကတည်းက ဆက်ပိုင်ဘယ်ညာလှည့်ကြည့်ရင်း ခေါင်းရှုပ်နေမိသည်။

ဒီလောက်မနက်အစောကြီးပင် ဒီလောက် လူရှုပ်နေသည်မှာ အံ့သြဖို့ကောင်းသည်။ တစ်ခါမှခရီးဝေး မသွားဖူးသည့် သူ့အတွက်တော့ အရာရာသည် စိတ်ဝင်စားဖို့ကောင်းလှသည်။ သာမာန်ခရီးသွားများနှင့် ပြည့်နေသော ကားဂိတ်တွင် ဆက်ပိုင်တို့သူငယ်ချင်းတစ်စုသာ လူငယ်အုပ်စု ဖြစ်နေသည်။

ထက်ပိုင်နှင့်မင်းသူတို့ ဆယ်တန်းစာမေးပွဲ သိပ်မကြာခင်ကပဲ ပြီးဆုံးသွားပြီဖြစ်သည်။ နှစ်ယောက်စလုံး ဘာဂုဏ်ထူးမှမမှန်းဘဲ အောင်ရင်တော်ပြီဟုသာ စိတ်ထားသည်မို့ သိပ်ပြီးတွေးမပူမိကြ။ စာမေးပွဲမဖြေမီကတည်းက သူတို့ဖခင် ဦးထွန်းဟန်ကိုကြိုတင်ခွင့်တောင်းထားသည့်အတိုင်း သူငယ်ချင်းတစ်စု ချောင်းသာသို့အပျော်ခရီးထွက်လာကြခြင်းဖြစ်သည်။

မနက်ခင်းမို့ အနည်းငယ်အေးသော်လည်း ထက်ပိုင်ရော မင်းသူပါ ပေါ့ပေါ့ပါးပါး လက်ပြတ်အကျီင်္နှင့် ဘောင်းဘီတိုသာဝတ်ထားကြပြီး ဆက်ပိုင်နှင့်ရန်နိုင်ကတော့ ပေါ့ပါးသော ချည်ဘောင်းဘီရှည်နှင့် တီရှပ်ကိုယ်စီနှင့်ဖြစ်သည်။

"ထက်ပိုင်.. ကောင်မလေးတွေရော"

မင်းသူအမေးကို ထက်ပိုင်ခေါင်းခါပြသည်။ ဘောင်းဘီအိတ်ထဲမှ ဖုန်းကိုထုတ်ကြည့်လိုက်သည်။ ရွှေစင့်ထံမှ မက်စ်စေ့ခ်ျတစ်ခုရောက်နေသည်။

"လာပြီလို့တော့ပြောတာပဲ.."

ဖုန်းကိုအိပ်ကပ်ထဲပြန်ထည့်ကာ ကျောပိုးအိတ်ကို ဆက်ပိုင်ကိုလှမ်းပေးလိုက်သည်။ ကိုယ့်ကျောပိုးအိတ်ကို ကိုယ်မလွယ်ဘဲ ဆက်ပိုင်ကိုသာ ကမ်းပေးလာသော ထက်ပိုင်ကိုကြည့်ရင်း ရန်နိုင်မဆီမဆိုင် စိတ်တိုမိသည်။

စည်းWhere stories live. Discover now