"ရွှေစင်...ဘာဖြစ်လို့..."
"ကျေးဇူးပြု၍ နင် တိတ်တိတ်နေစမ်းပါ ဆက်ပိုင်.. ငါ အခုဖုန်းဆက်တာ နင်ပြောတာကို နားထောင်ဖို့ မဟုတ်ဘူး.."
ရွှေစင်ရဲ့ တင်းမာသော တားဆီးသံကြောင့် ဆက်ပိုင် အသံတိတ်သွားမိသည်။ ဖုန်းတစ်ဖက်လိုင်းမှ ရွှေစင့်အသံများသည်လည်း ဖုန်းကိုင်ထားသော သူ့ လက်များလို အေးစက်နေသည်။
"ငါ ပြောခဲ့သလိုပဲ နင့်ကိုငါ လုံးဝခွင့်မလွှတ်နိုင်ဘူး ဆက်ပိုင်.. အေး...ဒါပေမယ့်...နင့်ကို ငါမမုန်းတော့ဘူးဆိုတာတော့ သေချာပါတယ်."
ဆက်ပိုင် နားမလည်စွာ အံ့သြနေမိသည်။ အိမ်တံခါးပိတ်ပြီး ဆင်းလာသော မင်းသူ သူ မျက်နှာပျက်နေသည်ကိုကြည့်ကာ ကားရှိရာသို့မသွားသေးဘဲ သူ့နား ရပ်လာသည်။
"ငါ ထက်ပိုင်ကို မေ့နိုင်ပြီး နင့်ကို ခွင့်လွှတ်နိုင်မယ့် တစ်နေ့ရောက်ရင်တော့ ငါတို့နှစ်ယောက် ပြန်တွေ့ကြတာပေါ့..."
ရွှေစင် ဖုန်းချသွားပြီဖြစ်သည်။ ဆက်ပိုင် နားမလည်စွာ အံ့သြစွာဖြင့် အသံတိတ်သွားပြီဖြစ်သော ဖုန်းအဖြူရောင်လေးကို စိုက်ကြည့်နေမိသည်။
"ရွှေစင်လား ဆက်ပိုင်.."
မင်းသူအမေးကို ဆက်ပိုင်ခေါင်းညိတ်ဖြေမိသည်။
"ဘာတွေဖြစ်နေလဲ ကိုမင်းသူ.. ရွှေစင်နဲ့ ကိုထက်..."
မသုံးခဲ့၊ မခေါ်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သော အမည်တစ်ခုကို ပါးစပ်ဖျားမှ ခေါ်မိကတည်းက ရှေ့ဆက်စကားမဆက်နိုင်တော့လောက်အောင် ဆက်ပိုင်ခံစားမိသည်။
"သူတို့နှစ်ယောက် ကွာရှင်းလိုက်ကြပြီ.."
"ဗျာ.."
ဆက်ပိုင် ပါးစပ်များ ၀ိုင်းဟသွားသည်။ လုံးဝမထင်ထားခဲ့သော သတင်းတစ်ခုဖြစ်သည်။ ကြည်လင်သော ကောင်းကင်မှ ရုတ်တရက် မိုးခြိမ်းသံတစ်ခု ကြားလိုက်ရသလို ထင်မိသည်။
"ဘယ်တုန်းကလဲ ကိုမင်းသူ.."
"နှစ်လ.. သုံးလလောက်ရှိပြီ... အခု ထက်ပိုင် မင်းတို့အိမ်မှာ ပြန်ရောက်နေတယ်.."
YOU ARE READING
စည်း
Romance(Unicode & Zawgyi) ပင်လယ်ဆိုသည်မှာ လေညင်းအောက်တွင် သာယာငြိမ့်ညောင်းစွာ လှုပ်ခတ်ရုံ လှုပ်ရှားပြီး ပြင်းထန်သော လေပြင်းအောက်တွင်မူ ဒေါသမာန်ကြီးစွာ ရုန်းကန်လာခဲ့မည်။ ခွန်းထက်ပိုင်သည်လည်း ပင်လယ်တစ်ခုဖြစ်ခဲ့သည်။ သူ၏ တည်ငြိမ်အေးချမ်းနေသည့် ဘဝပင်လယ်တွင် မုန...