ဆိုင်ကယ်ကို အိမ်ရှေ့တွင် ရပ်တန့်လိုက်သည်အထိ ထက်ပိုင်ဒေါသတွေ အနည်မထိုင်သေး။ ခြံထဲသို့ ဆိုင်ကယ်ကိုတွန်းဝင်လာခဲ့ကာ အိမ်ရှေ့တံခါး သော့ကိုလှည့်ဖွင့်လိုက်သည်။ ညည့်နှစ်နာရီကျော်နေပြီ ဖြစ်သည်။ မီးဖိုခန်း ရေခဲသေတ္တာထဲမှ ရေအေးပုလင်းကို မော့သောက်လိုက်သည်။
ရွှေစင်ဒီတစ်ခါတော့ အတော်ပင် တရားလွန်လွန်းသည်။
သူအစော်ကားခံလိုက်ရသလို ခံစားမိသည်။
ထက်ပိုင်တို့အခန်းအပြင်ဘက်မှ မီးရောင်ပျပျကို လှမ်းမြင်လိုက်ရသည်။ ဆက်ပိုင်အိမ်မှာရှိနေသည် ထင်သည်။ သူစိတ်ညစ်သွားသည်။ အခုအချိန် သူ ဆက်ပိုင်နှင့် မျက်နှာချင်းမဆိုင်ချင်။
အခန်းတံခါးကို တွန်းဖွင့် ၀င်လိုက်သည်။ ဆက်ပိုင် စာကြည့်စားပွဲတွင် ထိုင်နေသည်။ ရေချိုးပြီးကာစဖြစ်ဟန်တူကာ ကော်လံပါ ည၀တ်အကျီင်္အပြာရောင်ကို ၀တ်ထားသည်။ သူ့ရှေ့မှာ စာအုပ်လေးငါးအုပ်ဖွင့်ထားသည်။ တံခါးဖွင့်သံကြောင့် ထက်ပိုင်ကို လှည့်ကြည့်လာသည်။
"မင်း ဂျူတီမရှိဘူးလား.."
ထက်ပိုင်အသံတွေ မလိုအပ်ဘဲ တင်းမာနေသည်။
"အခုနကပဲ ပြန်ရောက်တာ..."
ဆက်ပိုင် စာအုပ်များပေါ် ခေါင်းပြန်ငုံ့သွားသည်။ ခဏသာတွေ့လိုက်ပေမယ့် ထက်ပိုင် ဒေါသထွက်စိတ်ဆိုးလာသည်ဆိုသည်ကို သူချက်ချင်းသိသည်။ စာအုပ်ထဲအ၀ါရောင်လိုင်းတားမှတ်နေသည့် လက်များတုံ့နှေးသွားသည်။ ထက်ပိုင် ဖိနပ်ပင်မချွတ်တော့ပဲ ကုတင်ပေါ် မှောက်အိပ်ချလိုက်ပြီး ခေါင်းအုံးထဲသို့ တောက်တစ်ချက်ခေါက်မိသည်။
ဆက်ပိုင် ထိုင်နေရာမှထကာ ထက်ပိုင်ဘေးကိုလျှောက်လာပြီး ဖိနပ်များကို ကြိုးဖြုတ်ဖယ်လိုက်ကာ ခြေစွပ်ဖြူကိုဖြည်းဖြည်း ဆွဲချွတ်လိုက်သည်။
"ညစာစားခဲ့ပြီလား..."
ဆက်ပိုင်အမေးကို ထက်ပိုင်မဖြေ။ မျက်နှာကိုနံရံဖက် လှည့်လိုက်သည်။
"ရွှေစင်နဲ့ ရန်ဖြစ်လာပြန်ပြီလား ကိုထက်.."
"မင်းနဲ့ ဘာမှမဆိုင်ဘူး.. တိတ်တိတ်နေ..."
YOU ARE READING
စည်း
Romance(Unicode & Zawgyi) ပင်လယ်ဆိုသည်မှာ လေညင်းအောက်တွင် သာယာငြိမ့်ညောင်းစွာ လှုပ်ခတ်ရုံ လှုပ်ရှားပြီး ပြင်းထန်သော လေပြင်းအောက်တွင်မူ ဒေါသမာန်ကြီးစွာ ရုန်းကန်လာခဲ့မည်။ ခွန်းထက်ပိုင်သည်လည်း ပင်လယ်တစ်ခုဖြစ်ခဲ့သည်။ သူ၏ တည်ငြိမ်အေးချမ်းနေသည့် ဘဝပင်လယ်တွင် မုန...