Challenge Accepted!! - 1

26.2K 1.1K 15
                                    


ကျောင်း​ပေါင်းစုံအားကစားပြိုင်​ပွဲကြီးကို ဆိုလ်းမြို့ရဲ့အကြီးဆုံးအားကစားရုံမှာကျင်းပ ​နေပါတယ်​..​ကျောင်းအသီးသီးမှပြိုင်​ပွဲဝင်​ ထူးချွန်​ ကျောင်းသားကျောင်းသူတွေအများအပြား ပါဝင်ကြတဲ့စည်​ကားတဲ့ပွဲကြီးပါ..

ထိုအထဲမှာ​​တော့ Jin Hwa  အမည်​ရနာမည်​ကြီး ကျောင်းရဲ့ပြိုင်​ပွဲဝင်​ကျောင်းသား အများဆုံးပါဝင်​ပါတယ်​.. အမျိုးအစားများစွာရှိတဲ့ အားကစားပေါင်းစုံကို ယှဉ်​ပြိုင်​ကြမှာပါ..

အခုယှဉ်​ပြိုင်​နေတဲ့အားကစားက​တော့မြှားပစ်​ပါ.. Jin Hwa မှကျောင်းသားနဲ့ တခြားကျောင်းမှကျောင်းသားတို့အကြိတ်​အနယ်​ပါပဲ..

Jin Hwa မှ ​ကျောင်းသားဟာ ပွဲစကတည်းက အမှတ်​သာနေခဲ့တာအခုထိပါ.. ဒါနောက်​ဆုံးပွဲပါပဲ.. ​နောက်​ဆုံးမြှားတံပစ်​မယ့်​အချိန်​ကို အားလုံးကရင်ခုန်​စွာစောင့်​စားနေတဲ့အချိန်​..

" ​ဟေ့​ရောင်​.. ဒါ ​နောက်​ဆုံးပွဲပဲ.. ဒီပွဲမှာသူနိုင်သွားရင်​ မင်းတို့သ​ရေပဲကွ.."

" huh.. ဘာမှသ​ရေမဖြစ်​စေရဘူး.. ​စောင့်​ကြည့်​.. ဒီ​ကောင်​နောက်​ဆုံးမြှားတံလွဲမှာ ငါ​ပြောရဲတယ်​.."

" hk hk.. ​အေးပါ.. ကြည့်​ကြတာပေါ့.."

အား​ပေးခုံပေါ်မှာထိုင်​ရင်း ကွင်းထဲကိုမျက်​စိဒေါက်​​ထောက်​ကြည့်​ကာ စကားတွေပြော​နေကြတဲ့ ​ကျောင်းသားတစ်​စု..

ထိုအချိန်​တွင်​ Jin Hwa ​ကျောင်းမှပစ်​လိုက်​သောမြှားတံသည်​ ၉မှတ်​နေရာမှာသာစိုက်​သွားခဲ့သည်​.. တဖက်​အသင်းမှကျာင်းသားရဲ့မျက်နှာထက်​ မဲ့ပြုံးလိုလိုပေါ်ထွက်​လာသလို.. ခုနကကျောင်းသားတစ်​စုထံမှလည်း..

" ဟာ.. ​ဟေ့​ရောင်​.. မင်း.. မင်းဘာ​တွေလုပ်​လိုက်တာလဲ? ဒီ​ကောင်​က​ရော.. ဘာဖြစ်​တာလဲ?"

" ဟင်းဟင်း.. ​တွေ့တယ်​မလား.. ငါပြောပါတယ်​.. ကဲ ​နေစမ်းပါ.. ဟိုဖက်​ကတစ်ယောက်​ဘယ်​နှမှတ်ရမလဲကြည့်​ကြတာပေါ့ "

သူတို့ပြောအပြီးမှာပဲ တစ်ဖက်​အသင်းမှကျောင်းသားရဲ့မြှားတံသည်​ အလယ်​တည့်​တည့်​ ၁၀ မှတ်​ ကွက်​တိရသွားတာကိုမြင်​လိုက်​ရပါတယ်​..

Challenge Accepted!! (2017)Where stories live. Discover now