BaekHyun ဒေါသထွက်လွန်း၍ သူ့သူငယ်ချင်းများနှင့် group chat တွင်ရင်ဖွင့်မိသည်..Kyungie : မင်းကလည်းပွင့်ပွင့်လင်းလင်းမှမပြောပဲနဲ့
BaekBaek : ဟ! ဘာကိုပွင့်ပွင့်လင်းလင်းပြောရမှာလဲ? မင်းငါ့ကိုကြိုက်နေတာမလား..ငါစဉ်းစားပေးမယ်.. အဲ့လိုပြောရမှာလား! ရူးနေလား!!
Myeonee : အင်း.. BaekHyun ပြောတာလည်းဟုတ်တာပဲ.. Park ChanYeol လည်းမှားတာတော့မဟုတ်ဘူး.. မင်းရဲ့စိတ်ကိုမသိလို့ ထင်ချင်ရာထင်လိုက်တာနေမှာပေါ့.. မင်းကသူ့ကိုအမြင်ကပ်နေခဲ့တာမဟုတ်လား.. အဲ့တော့သူလည်းဘယ်ထင်မလဲ..
SuHo ပြောတာကို BaekHyun စဉ်းစားမိသွားသည်.. Park ChanYeol ဟာအခုထိသူ့သဘောထားပြောင်းလဲမှုကိုမသိသေးတာပင်.. ကိစ္စတွေဖြစ်ပျက်ထားတာလောလောလတ်လတ်ပဲရှိသေးတာမို့လည်းဖြစ်သည်.. သူကသာအရင်ကတည်းကပြောင်းလဲနေတဲ့ ChanYeol အပြုအမူတွေကြောင့်သိနှင့်နေခဲ့ခြင်း.. ဒါဆိုသူ့ဘက်ကပဲလျှော့ရတော့မှာပေါ့..
BaekBaek : အေးပါ အေးပါ.. ငါပဲမှားတာပါ
Kyungie : ချက်ချင်းကြီးတော့သူလည်းဘယ်သိမလဲ.. ဖြည်းဖြည်းချင်းစောင့်ရမှာပေါ့.. သူမင်းကိုတကယ်ဖြစ်နေတာတော့ ငါတို့အာမခံတယ်
Myeonee : 👍👍
BaekHyun ဆက်မပြောတော့ပဲ out လိုက်တော့သည်.. စိတ်လည်းအနည်းငယ်ပြေသွားလေပြီမို့ သူ့သူငယ်ချင်းများပြောသည်ကိုစဉ်းစားရတော့မည်.. Park ChanYeol ကသူ့ကိုတကယ်ချစ်နေတယ်ဆိုရင်.. သူကရော.. သူ့အဖြေကဘယ်လိုဖြစ်မှာလဲ.. ChanYeol ကတကယ်ကြီးသူ့ကိုဖွင့်ပြောလာခဲ့ရင် သူဘယ်လိုပြန်ဖြေရမှာလဲ..
BaekHyun သက်ပြင်းအသာချရင်း အိပ်ယာပေါ်လှဲချလိုက်သည်.. သူ ChanYeol ကိုချစ်နိုင်မှာလား.. ငယ်ငယ်ကသံယောဇဉ်ဆိုတာ အခုလက်ရှိအချိန်ရဲ့အခြေအနေနဲ့မတူပေ.. ငယ်ငယ်ကချစ်ခဲ့တယ်မလားဆိုရင်တော့..မှန်ပါသည် .. သူ ChanYeol ကိုအရမ်းချစ်ခဲ့သည်.. သို့သော်ထိုအချစ်ကဖြူစင်သည့်ကလေးငယ်တစ်ယောက်ရဲ့ ဘာအရောင်မှမပါသည့်အချစ်.. အဲ့လိုဆို ChanYeol ကရော သူ့ကိုဘာကြောင့်ချစ်တာလဲ? ငယ်ငယ်ကသံယောဇဉ်ဆိုတဲ့အကြောင်းပြချက်ကြောင့်ပဲလား..
YOU ARE READING
Challenge Accepted!! (2017)
Fanfictionအပြိုင်အဆိုင်များသောကောင်လေး ၂ယောက် .. အချစ်ကိုပြိုင်ပွဲတစ်ခုလိုသဘောထားကာ ပြိုင်ဆိုင်လာသောအခါ.. အပြိုင်အဆိုင်များသောကောင်လေး ၂ယောက် .. အချစ်ကိုပြိုင်ပွဲတစ်ခုလိုသဘောထားကာ ပြိုင်ဆိုင်လာသောအခါ.. [ Zawgyi + Unicode ]