" ကိုယ်...တဲ့ Yah..Byun Baek မင်းတို့က မြန်လှချည်လား ကွာ..ဟမ် "BaekHyun တယောက် ChanYeol က သူ့ကို ရိသဲ့သဲ့ လုပ်သွားတာကြောင့် စိတ်ကသိပ်မကြည်..ပေါက်ကွဲချင်ပေမဲ့ မြွေမြွေချင်းခြေမြင် ဆိုသလို သူစိတ်ကို မနည်းထိန်းထားလိုက်ရသည်.. တစ်တန်းလုံးက ဝိုင်းကြည့်နေတာတောင် မာန်ကိုတင်းထားရတာ..ဒါကို သိသိကြီးနဲ့ သူ့ သူငယ်ချင်းတွေက သူ့အား လာစသောအခါ..
" DO KYUNGSOO!!! KIM JUNMYEON!! မင်းတို့ မတော်သေးဘူးလား?"
ပြောသူက KyungSoo ပေမဲ့ ဘေးကလိုက်ရယ်နေသည့် JunMyeon ကိုပါ သူမကြည်တော့..၂ယောက်လုံးကို တပြိုင်နက်အော်လိုက်တော့သည်..
" ဟီးဟီး မင်းကလည်းကွာ..သူငယ်ချင်း အချင်းချင်း ပဲဟာ..ချစ်လို့စတာ..အဲ့လောက်မအော်ပါနဲ့ "
" ဒါမဲ့လေ သိလား..မင်း ခုနက သူ့ကို ချေလိုက်တာ တော်တော်မိုက်တယ်ကွ.. ChanYeol့ မျက်နှာကြီး အီးမှန်သွားတာ..ဟားဟား "
အရိပ်အကဲ နည်းနည်း နားလည်သော JunMyeon ခေါ် SuHo က ဝင်ကာ မြှောက်တော့သည်.. KyungSoo လည်းပဲ ထောက်ခံသည့် အနေနဲ့ ခေါင်းညိတ်ပြသည်..အဲ့တော့မှ သူ နည်းနည်း စိတ်ပြေသွားကာ မျက်နှာကိုမော်လိုက်ရင်း..
" hk..Byun BaekHyun ပဲဟာ.. ငါ့ကို လာစမ်းလို့တော့ ဘယ်ရမလဲ.. ဒါ အကင်းပဲရှိသေးတယ်.."
" ဒါပေမဲ့ မင်း သတိတော့ထားပေါ့ကွာ.. ဒီတခါ မင်း အနိုင်ရတာလည်း သင်္ကာစရာ မရှိဘူး.. ဘာလို့လဲဆိုတော့ ChanYeol က မင်းထက်ပိုအရပ်ရှည်တယ်လေ.."
စိတ်ပြေတာမှ မကြာသေး..အပြောမဆို မဆင်ခြင်သော KyungSoo က သူ့ကို ပေါ်တင်ကြီး ဖဲ့ချနေပြန်ပြီလေ..
" ဟို..ငါ ပြောတာက.. ChanYeol က မင်းထက် အရပ် ပိုရှည်..."
" တော်တော့!!! ဆက်မပြောနဲ့.. မင်း ပြောတာ ငါသိတယ်.. မင်းတွေးသလိုပဲ ငါလည်း တွေးပြီးပြီ.. ဒီကောင် ငါ့ကို တမင်အရှုံးပေး လိုက်တာ.. hk..Byun BaekHyun ပါကွ.. သူကအရှုံးပေးပြီး ငါ့အနားကပ်ချင်နေမှတော့..ငါကလည်း အကပ်ခံလိုက်ရုံ အပြင် ဘာရှိရဦးမလဲ.."
YOU ARE READING
Challenge Accepted!! (2017)
Fanfictionအပြိုင်အဆိုင်များသောကောင်လေး ၂ယောက် .. အချစ်ကိုပြိုင်ပွဲတစ်ခုလိုသဘောထားကာ ပြိုင်ဆိုင်လာသောအခါ.. အပြိုင်အဆိုင်များသောကောင်လေး ၂ယောက် .. အချစ်ကိုပြိုင်ပွဲတစ်ခုလိုသဘောထားကာ ပြိုင်ဆိုင်လာသောအခါ.. [ Zawgyi + Unicode ]