Challenge Accepted!! - 8

7K 797 37
                                    


" ဒါ..ဒါ..ဒါ.. ဒီဒီဒီ...လား လား..ဟားဟား ငါကွ!! Park ChanYeol.. Park ChanYeol.. ငါ့များ ဘာမှတ်​​နေသလဲမသိဘူး.. Byun BaekHyun ပါကွ.. ​တွေ့ကြပြီ​ပေါ့ မင်းနဲ့ငါ..ဟင်းဟင်း "

မှန်​ထဲမှ ကိုယ့်​ပုံရိပ်​ကိုယ်​ပြန်​ကြည့်​ကာ ​ကျေနပ်​​နေသူ Byun BaekHyun.. ဒီ​နေ့ဟာ ChanYeol နဲ့သူ ဟန်​​ဆောင်​ချစ်​သူ​တွေအဖြစ်​ သရုပ်​​ဆောင်​ရမယ့်​ ပထမဆုံး​နေ့​လေး.. အတိအကျ​ပြောရရင်​​တော့ သူအညစ်​ခံရပြီး ရှုံးသွားတဲ့အတွက်​ အပြစ်​​ပေါ့..

~~ တီ..တီ...တီ..~~

ကြည့်​​ကောင်း​ကောင်းနဲ့ ကြည့်​​နေလိုက်​သည်​.. အခုချိန်​ကျမှပဲ ဖုန်းသံ​လေးက နားဝင်​ချို​နေသလို..

Park ChanYeol သူ့ဆီဖုန်း​ခေါ်​နေတာ ဒါနဲ့ဆို ၄ကြိမ်​​မြောက်​.. သူတမင်​အမြင်​ကပ်​ပြီး မကိုင်​ပဲ ထားလိုက်​တာပါ.. ​ကျောင်းချိန်​လည်း ​တော်​​တော်​​နောက်​ကျ​နေပြီ​လေ.. ပထမဆုံးအတန်းချိန်​ကို တမင်​မတက်​ပဲ အချိန်​ဆွဲကာ ​နောက်​တချိန်​မှ တက်​မည်​..

" မှတ်​ထား.. Byun BaekHyun ကိုလာမစမ်းနဲ့.. ဘယ့်​နှဲ့ သူ့ဟာသူ ကမြင်​ပြီး လာပြိုင်​တာ.. ဘယ်​သူမှမပြိုင်​ခိုင်းဘူး ဟွန့်​.. ဖြတ်​ချင်​​တော့လည်း ကိုယ့်​ဘာသာ တ​ယောက်​ထဲဖြတ်​ပါလား..ဘာကိစ္စ ငါက ကြားဝင်​ရမှာလဲ..​ဝေး​သေး ..ခံစရာရှိ ကိုယ့်​ဟာကိုယ်​ခံ.. Byun Baek တို့က ​ဆောရီးပါ .. "

မြည်​​နေသည့်​ဖုန်း​လေးကို Park ChanYeol အမှတ်​နဲ့ အားရ​အောင်​ ကြိမ်​ဆဲပစ်​လိုက်​သည်​.. သူ​ပြောလို့အပြီးမှာပဲ ဖုန်း​လေးလည်း missed call ဖြစ်​သွားခဲ့သည်​..

သူလည်း ပြင်​လို့ပြီးပြီဆို​တော့ ဖုန်းကို ​ဘောင်းဘီအိတ်​ထဲ ထည့်​လိုက်​သည်​.. ကုတင်​​ပေါ်က ​ကျောပိုးအိတ်​​လေးကို ​ကောက်​လွယ်​ကာ အင်္ကျီအိတ်​ကပ်​ထဲမှ အသင့်​ထည့်​ထား​သော lollipop ​လေးကို ပြုံးရင်း တချက်​ပုတ်​လိုက်​သည်​..

အောက်​ထပ်​ကို ဆင်းလာ​တော့ ဘယ်​သူမှမ​တွေ့.. ဟုတ်​ပါတယ်​​လေ.. အခုချိန်​က breakfast စားချိန်​မှ မဟုတ်​​တော့ပဲ.. ခြံထဲကို​ရောက်​မှ Omma က သူ့ပန်းပင်​​တွေ ​ရေ​လောင်းပြီး အလုပ်​သမား​တွေကို ညွှန်​ကြား​နေတာကို ​တွေ့လိုက်​ရသည်​..

Challenge Accepted!! (2017)Where stories live. Discover now