Challenge Accepted!! - 26

5.8K 667 94
                                    


" သား.. BaekHyunee ကဘယ်​လိုဖြစ်​ရတာလဲကွယ်​? .. ဘာ​တွေအစားမှား​သေးလဲ?"

Omma Byun ​မေးလိုက်​မှသူသတိရသွားသည်​.. မ​နေ့ညက...

" ဟင်​... "

ခေါင်း​တွေထူပူလာကာ အပြစ်​မကင်းသလိုခံစားလာရသည်​.. မ​နေ့ညကသူလုပ်​​ကျွေးတဲ့​တော့ပိုကီပဲစားခဲ့သည့်​ BaekHyun ကဒီမနက်​မှာဒီလိုသတိလစ်​ရသည့်​အ​ခြေအ​နေအထိဖြစ်​သွားခဲ့ပြီ.. ဒါသူ​ကြောင့်​ပဲမလား..

ဆရာဝန်​က​တော့အား​ဆေးနဲ့ ဝမ်းပိတ်​​ဆေးကိုထိုး​ပေးခဲ့ပြီး ​သောက်​​ဆေးပါ​ပေးခဲ့သည်​.. သူနဲ့​ယောက္ခမကြီးနှစ်​​ယောက်​သာ BaekHyun အနားမှာကျန်​ခဲ့ရင်း ဖြစ်​​ကြောင်းကုန်​စင်​​ပြော​နေကြသည်​..

ကုတင်​​ပေါ်မှာလှဲ​နေသည့်​ BaekHyun ကိုကြည့်​ပြီးသူရင်​​တွေနာလာသည်​.. သူထပ်​ပြီးဒုက္ခ​ပေးမိပြန်​ပြီ BaekHyun ကို.. သူ့ကိုအထင်​လွဲပြီးမုန်းသွားဦးမလားမသိ​ပေ..

" သားရယ်​.. သားအပြစ်​မဟုတ်​ပါဘူးကွယ်​.. သူ့ဟာသူမဆင်​မခြင်​စားလို့ဖြစ်​ရတာ​လေ.. "

Omma Byun ကအား​ပေး​ပေမယ့်​ ကိုယ့်​အ​ကြောင်းကိုယ်​သာသိသည်​..

" ဒါ​ပေမယ့်​သူကကျွန်​​တော့်​ကိုအထင်​လွဲဦးမယ်​ထင်​တယ်​ .. သူ့ကိုစား​စေချင်​လို့လုပ်​​ပေးတာပါ.. ငယ်​ငယ်​ကလည်းကျွန်​​တော်​လုပ်​​ကျွေးတာကို သူကကြိုက်​တယ်​​ပြောဖူး​တော့ သူ့ဆီကအမြင်​ကြည်​တာ​လေးခံရမလားဆိုပြီးလုပ်​​ပေးမိတာ.. "

Omma Byun အားမျက်​နှာချင်း​တောင်​မဆိုင်​နိုင်​ပဲ မျက်​နှာ​အောက်​ချထားရသည်​.. ထိုစဉ်​ Omma Byun ကသူ့ပခုံးတစ်​ဖက်​ကိုလာဆုပ်​ကိုင်​ရင်း..

" သားရယ်​.. ဒီ​လောက်​ခံစား​နေရရင်​လည်း ဖွင့်​​ပြောလိုက်​ပါလားကွယ်​.. ဘာလို့ကိုယ့်​ကိုယ်​ကိုနှိပ်​စက်​​နေရတာလဲ.. ဒီက​လေးအ​ကြောင်း Omma အသိဆုံး.. သူကအရမ်း​ခေါင်းမာပြီးတဇွတ်​ထိုးအရမ်းလုပ်​တတ်​တာ.. လုပ်​လိုက်​ရင်​ဟုတ်​သလားဆို​တော့လည်းမဟုတ်​ဘူး.. ကိုယ်​ထင်​တာကိုယ်​အမှန်​ပဲယူတတ်​တာ.. သူ့စိတ်​ထဲဘာရှိတယ်​ဆိုတာ.. Omma တို့​တောင်​သိရတာမဟုတ်​ဘူး.. မင်းအခုလိုဖွင့်​မ​ပြောပဲခံစားသမျှ သူကလည်းမင်းအ​ပေါ်တလွဲအ​တွေးကြီးနဲ့ အထင်​​တွေလွဲမှား​နေဦးမှာပဲ.. အဲ့​တော့ဖွင့်​​ပြောလိုက်​ပါသားရယ်​ "

Challenge Accepted!! (2017)Where stories live. Discover now