Challenge Accepted!! - 2

8.4K 877 17
                                    


မနက်​ ၆နာရီ ဆို​သော အချိန်​တွင်​..

* Ring! Ring! Ring! *

Alarm ​ပေးထား​သော နာရီ မှ ထမြည်​ခြင်း​ပေ..ChanYeol မျက်​လုံး တို့က ကျင့်​သားရစွာ ပွင့်​လာ ခဲ့သည်​..ဒီအချိန်​ ဟာ သူနဲ့ ဟိုဘက်​အိမ်​က Byun BaekHyun တို့ ​တွေ့​နေကျ အချိန်​ပါ..

မသိတဲ့သူ ကြားရင်​ တမျိုးထင်​​နေမှာ အမှန်​ပါ..ဒါ​ပေမဲ့ သူတို့ရဲ့ ​တွေ့ဆုံခြင်း အ​ကြောင်း က​တော့.. တစ်​ခုထဲပါ..

ChanYeol ​ရေချိုးခန်း ထဲဝင်​ကာ မျက်​နှာသစ်​ ပြီး အားကစား ဝတ်​စုံ ကို လဲဝတ်​လိုက်​ပါတယ်​.. ​ချောပြီးသား မျက်​နှာကို မှန်​​ရှေ့မှာ ပို​ချော​အောင်​ နည်းနည်း သ လိုက်​ပါတယ်​.. ဒီ​နေ့ကစပြီး အရင်​က Park ChanYeol နဲ့ မတူ ​အောင်​ ​နေရမယ်​ မလား..

" ok..ရပြီ "

စိတ်​​ကျေနပ်​ သွားမှ ​အောက်​ထပ်​ကို ဆင်းလာကာ SKECHERS က sneaker ​လေးကို ထုတ်​ယူ ပြီး စီးလိုက်​သည်​..

နောက်​​တော့ အိမ်​တံခါးကို ဖွင့်​လိုက်​တယ်​.. သူ ဖွင့်​ ပြီးပြီးချင်းပဲ တဖက်​ အိမ်​က တံခါး ပိတ်​သံ ကို ကြားလိုက်​ရသည်​.. လှည့်​ကြည့်​စရာ မလိုပဲ ဒါ ဘယ်​သူ မှန်း သူသိလိုက်​သည်​..သူ့ mission စရ​တော့မယ်​ ထင်​ပါတယ်​..

သူကပဲ အရင်​စကာ BaekHyun အနားကို သွားလိုက်​ပြီး..

" yah..BaekHyun.. ဒီ​နေ့​တော့ ရပ်​ကွက်​ ၂ခုကို ပတ်​မယ်​ကွာ.. "

မနက်​အိပ်​ယာထ မြင်​​နေကျ BaekHyun မျက်​နှာ ကို ဒီ​နေ့မှ သူ ပိုကြည့်​ဖြစ်​သည်​.. BaekHyun က သူ့ စိန်​​ခေါ်မှု ကို မျက်​ခုံး တဖက်​ပင့်​ကာ နား​ထောင်​ လိုက်​ပြီး..

" Ok ​လေ.. စိန်​​လိုက်​..ဒီ​နေ့ ​လောင်း​ကြေး ကဘာလဲ? "

" အင်း... ရှုံးတဲ့သူက နိုင်​တဲ့သူ ရဲ့ ​ဘေးမှာ တ​နေကုန်​ လိုက်​ကပ်​ ပြီး ခိုင်းတာ မှန်​သမျှ အကုန်​ လုပ်​​ပေး ရမယ်​..ဘယ်​လိုလဲ?"

BaekHyun မျက်​နှာ တဖက်​လှည့်​ကာ .. နှာ​ခေါင်းရှုံ့  လိုက်​တာကို သူ မြင်​ဖြစ်​​အောင်​ မြင်​လိုက်​ပါတယ်​.. ဒါ​တွေ သူ ဂရုမစိုက်​ ပါဘူး.. သူလိုချင်​တာ ရရင်​ ပြီးတာပဲ ​လေ..

Challenge Accepted!! (2017)Where stories live. Discover now