* ဗုန်း *BaekHyun စိတ်တိုစွာနဲ့ ချော့ကလက်ဗူးနဲ့ပန်းစည်းကို စားပွဲပေါ်ပစ်ချလိုက်သည်.. သူအတန်းထဲဝင်လာကတည်းက မျက်လုံးအပြူးသားနှင့်လိုက်ကြည့်နေသော အတန်းသူအတန်းသားများလည်း သူ့လုပ်ရပ်ကြောင့်လန့်သွားကာ အသီးသီးခေါင်းတွေပြန်လှည့်သွားကြသည်...
" ဘာဖြစ်လာတာလဲ BaekHyun? ဒါတွေကရော ဘယ်သူပေးလိုက်တာလဲ?"
ကျောင်းထဲဝင်လာတဲ့အထိ တောက်လျှောက်ကပ်လိုက်လာပြီး အခန်းပေါက်ဝရောက်သည်အထိအနားမှမခွာသည့် Park ChanYeol ကြောင့် စိတ်တွေပိုပေါက်ကွဲချင်နေသည် .. ဒါတွေကို Park ChanYeol ပေးလိုက်တာပါလို့ပြောပြန်ရင်လည်း ထပ်စကြမည့်သူ့သူငယ်ချင်းတွေအကြောင်း သူသိနေသည်..
" ဒီနေ့က Valentine Day ပဲလေ ဒီကောင်ရမှာပေါ့.. ဒါမဲ့မင်းအရင်ကဒီလိုကိုယ်တိုင်ကိုယ်ကျ သယ်မလာဖူးပါဘူး .. အခုမှဘယ်လိုဖြစ်?"
တယောက်တပေါက်နှင့် သူကတော့အခုထိပြန်မဖြေနိုင်သေး.. Park ChanYeol ကိုစိတ်တိုနေခြင်းနှင့် ဘာကြောင့်မျက်နှာပြောင်တိုက်ရသလဲဆိုတာကို သိချင်နေသည်..
" ya Byun BaekHyun! "
နောက်စေ့ကိုဘုတ်ခနဲအရိုက်ခံလိုက်ချိန်မှ သူအသိဝင်လာသည်..
" အ.. Yah! ဘာလုပ်တာလဲကွ နာတယ် "
ကိုယ့်နောက်စေ့ကိုယ်ပြန်ပွတ်ရင်း အော်လိုက်သည်..
" မင်းကိုမေးနေတာလေ.. မင်းမှမကြားတာ "
" ကြားတယ်ကွ ကြားတယ် .. စိတ်တိုနေလို့ဘာစကားမှမပြောချင်သေးလို့ "
KyungSoo ကိုသူပြန်ဖြေလိုက်သည်..
" မင်းကအမြဲစိတ်တိုနေတာပဲဟာ.. ကဲအခုဘာဖြစ်လာတာလဲ ပြောလေ "
" Park ChanYeol ပေးလိုက်တာ "
သူဖြေလိုက်တော့သည်..
" အင်း.. ထင်တော့ထင်သားပဲ.. "
ကိုယ်ပြောမှလည်းသိသေးတယ် ကိုယ့်ကိုလည်းဆရာကြီးအထာနဲ့လာပြောနေသည့် KyungSoo ကိုသူနှုတ်ခမ်းရွဲ့ပြလိုက်တော့သည်..
YOU ARE READING
Challenge Accepted!! (2017)
Fanfictionအပြိုင်အဆိုင်များသောကောင်လေး ၂ယောက် .. အချစ်ကိုပြိုင်ပွဲတစ်ခုလိုသဘောထားကာ ပြိုင်ဆိုင်လာသောအခါ.. အပြိုင်အဆိုင်များသောကောင်လေး ၂ယောက် .. အချစ်ကိုပြိုင်ပွဲတစ်ခုလိုသဘောထားကာ ပြိုင်ဆိုင်လာသောအခါ.. [ Zawgyi + Unicode ]