" အား..ကျွတ် ကျွတ်..နာလိုက်တာ.. သေတော့မှာပဲ.. ဒီကောင် ဘာတွေဒီလောက်စားလို့ အလေးချိန်ကစီးနေရတာလဲမသိဘူး.. လူကြည့်တော့ ခွေးပစ်တဲ့တုတ်လောက်လေးက .."ChanYeol အိပ်ယာထက်မှာ သူ့ခါးကိုနှိပ်ရင်း ညည်းညူနေသည်..အကြောင်းကတော့..သူ့ရဲ့စိန်ခေါ်မှု တခုဖြစ်တဲ့ BaekHyun ကိုကျောပိုးကာ အိမ်သို့ပြန်လာခဲ့ရသောကြောင့်ပင်.. ကိုယ့်အပြစ်နဲ့ကိုယ်ဆိုတော့လည်း အောင့်အီးသည်းခံပြီး ကျောပိုးခဲ့ရတော့သည်..
လမ်းတလျှောက်လုံးမှာလည်း ကျောပေါ်ကနေပြီး အငြိမ်မနေ.. BaekHyun တို့အကျင့်အတိုင်း လှုပ်စိခတ်စွာနဲ့ သူ့ကို အမြန်ပြေးခိုင်းလိုက်..တလှမ်းချင်းလျှောက်ခိုင်းလိုက်နဲ့.. အိမ်ရှေ့ရောက်တော့လည်းမဆင်းပဲ.. အခန်းထဲထိပို့ခိုင်းတာကြောင့် သူ မှတ်မိနေဆဲဖြစ်တဲ့..မပြောင်းလဲသေးတဲ့ BaekHyun အခန်းဆီရောက်ခဲ့ပါသေးသည်.. Byun BaekHyun ဆိုတာ အဲ့လို ကဂျီကဂျောင်များတဲ့သူပါ..
" Byun BaekHyun.. Byun BaekHyun.. မင်းလောက်တော့ ငါက အပျော့ပေါ့.. အား..နာလိုက်တာ.. ဆေးသောက်ပြီး အိပ်ရမယ် .."
ညည်းညူရင်း BaekHyun ကိုလည်း ကြိမ်းဝါးရင်း ChanYeol ရေချိုးခန်းထဲသို့ဝင်သွားတော့သည်..
~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~
နောက်နေ့မနက် ChanYeol ကျောင်းကိုရောက်တော့.. အခန်းထဲမှာ သူ့သူငယ်ချင်းတွေက ဆီးကြိုကာ..
" ဟေ့ရောင် Park Chan..မင်းကြားပြီးပြီလား?"
" ဘာကိုလဲ.. မင်းက အစမရှိ အဆုံးမရှိ.."
JongIn ကိုပြန်ချေပလိုက်တော့..Kris ကဝင်ပြောသည်..
" ဒီလိုကွာ.. ငါတို့ထက် တနှစ်ငယ်တဲ့ junior ထဲက queen လေးကွာ..နာမည်က ChaeYoung ဆိုလား.."
" အဲ့ဒါဘာဖြစ်လဲ?"
သူလွယ်အိတ်ကို ခုံတွင်းထဲထိုးသွင်းရင်း ထပ်မေးလိုက်သည်..
" အေး.. အဲ့ queen လေးကို မင်းရဲ့ အချစ်တော်က လိုက်မလို့တဲ့နော်.. ငါတို့ကြားခဲ့တာ.."
YOU ARE READING
Challenge Accepted!! (2017)
Fanfictionအပြိုင်အဆိုင်များသောကောင်လေး ၂ယောက် .. အချစ်ကိုပြိုင်ပွဲတစ်ခုလိုသဘောထားကာ ပြိုင်ဆိုင်လာသောအခါ.. အပြိုင်အဆိုင်များသောကောင်လေး ၂ယောက် .. အချစ်ကိုပြိုင်ပွဲတစ်ခုလိုသဘောထားကာ ပြိုင်ဆိုင်လာသောအခါ.. [ Zawgyi + Unicode ]