" အဟမ်း.. ဘယ်သွားကြမလဲ?"သူ့ဘက်ကမှ စမပြောရင် ဒီတသက် စကားပြောမည့်ပုံမပေါ်သည့် ထိုပိစိဂေါက်သီးအား ChanYeol စကားခေါ်လိုက်ခြင်းပါ.. ဂေါက်သီးလို့ခေါ်ရခြင်းကတော့.. ဒီနေ့ ပြင်ဆင်လာသည့် BaekHyun ရဲ့ပုံစံသည် တကယ့်ကိုစိတ်မနှံ့သည့် သူငယ်နာမစင်သည့် ကလေးပုံပေါက်နေသည်လေ.. Byun BaekHyun ဘာကြောင့်ဒီလိုပြင်လာသလဲ သူသိတာပေါ့..
သူ့ရဲ့ချစ်သူအဖြစ် နေပေးရမှာမို့လို့ သက်သက်ဒီလိုပြင်လာခြင်းပဲဆိုတာ သူတန်းသိသည်.. သူ့လိုခပ်ချောချော တကျောင်းလုံး King ရဲ့ရည်းစားဟာ ဒီလို စိတ်မနှံ့သည့်ကလေးပေါက်စ ပါလားဆိုတာမျိုးဖြစ်အောင်ကို Byun BaekHyun ပုံဖော်လာခြင်း.. Byun BaekHyun ရဲ့အထာကို Park ChanYeol မှမနပ်ရင် ဘယ်သူမှမနပ်ဘူး..
" မင်းခေါ်လာတာပဲလေ.. ငါကဘယ်သိမှာလဲ? "
တွေ့လား.. အဲ့လိုဘူကလန့်ပြောတတ်တာနဲ့ မသိမသာလေး အနိုင်ကျင့်ဗိုလ်ကျတတ်တာ ထိုပိစိရဲ့ ငယ်ငယ်ကတည်းက ဖျောက်မရတဲ့အကျင့်..
" BaekBaek.."
" Park ChanYeol!!! မင်းငါ့ကို အဲ့လို လာမခေါ်နဲ့.. ငါမကြိုက်ဘူး .. "
ချက်ချင်းဒေါသတွေထွက်လာတဲ့ BaekHyun..
" wae? ဘာဖြစ်လဲ? အရင်ကတည်းက ခေါ်နေကျပဲဟာကို ..ခေါ်မှာပဲ "
" မခေါ်နဲ့လို့ ပြောထားတယ်လေ!! .. အဲ့နာမည်ကြားရင် ငါ့ရင်ထဲက တဆစ်ဆစ်နဲ့ နာတယ်..."
BaekHyun ဘာကြောင့်ဒီလောက် ဆတ်ဆတ်ထိမခံဖြစ်နေသလဲ သူမသိပါ.. နာမည်လေးခေါ်တာက ဒီလောက်ဖြစ်စရာလိုသလား.. ဒါပေမဲ့ BaekHyun ကိုကြည့်ရတာ တကယ်ကို ပေါက်ကွဲတော့မယ့်သူတယောက်လို ဖြစ်နေသည်..
" ဟုတ်ပါပြီ.. မခေါ်တော့ပါဘူး.. မင်းကလည်း စိတ်ကြီးပဲ.. "
" မင်းသိရင် ပြီးတာပဲ "
ဒေါသတွေလျော့သွားပုံရပြီး တဖက်ကိုပြန်လှည့်သွားတဲ့ BaekHyun ကို သူ ကလိချင်သေးသည်..
YOU ARE READING
Challenge Accepted!! (2017)
Fanfictionအပြိုင်အဆိုင်များသောကောင်လေး ၂ယောက် .. အချစ်ကိုပြိုင်ပွဲတစ်ခုလိုသဘောထားကာ ပြိုင်ဆိုင်လာသောအခါ.. အပြိုင်အဆိုင်များသောကောင်လေး ၂ယောက် .. အချစ်ကိုပြိုင်ပွဲတစ်ခုလိုသဘောထားကာ ပြိုင်ဆိုင်လာသောအခါ.. [ Zawgyi + Unicode ]