လူရှင်းသော coffee shop လေးတခုတွင်..စားပွဲဝိုင်းကြီးတခုကိုအလယ်ထားပြီး ဟိုဘက်ခြမ်းနဲ့ ဒီဘက်ခြမ်း ၂ခြမ်းကွဲကာ တဘက်မှာတော့ ရန်စောင်နေသောအကြည့်များနဲ့.. နောက်တဘက်ကတော့ အောင်နိုင်သူအပြုံးစစနဲ့..
" ကဲ..ပြောပြီနော်...."
ChanYeol အစချီလိုက်သည်.. သူ့ရှေ့မှာနှုတ်ခမ်းဆူပုတ်ပုတ်နဲ့ မျက်စောင်းတွေထိုးကာ ထိုင်နေသော BaekHyun ကိုကြည့်နေရတာ တော်တော်ကို ကလိကလိဖြစ်ပါသည် .. အင်း.. အရှုံးကိုခံစားနေရတဲ့သူအဖို့လည်း.. ကိုယ်ချင်းစာပါတယ်လေ.. ကိုယ်ကဒီတခါစင်ပေါ်ကဆိုတော့ မျက်နှာကိုမော်ထားလိုက်သည်..
" အဟမ်း.. Byun BaekHyun အရှုံးကိုရင်ဆိုင်ဖို့အဆင်သင့်ပဲလား?"
ပြောစရာရှိတာကိုအရင်မပြောပဲ ပါးစပ်အရသာခံရတာလည်း သိပ်အရသာရှိတာပဲ..
* ဒုန်း!!*
BaekHyun ရဲ့မကျေမချမ်းလက်သီးနဲ့ ခုံကိုထုသံကြောင့် သူနည်းနည်းလန့်သွားသည်.. တော်သေးသည်က လူရှင်းနေတာပင်..
" ဒီမှာ!! မင်းအရစ်ရှည်မနေနဲ့.. ပြောစရာရှိတာကိုမြန်မြန်ပြော.. ပြီးတော့ငါက တရားမျှတစွာယှဉ်ပြိုင်တဲ့အတွက် ရလာတဲ့အရှုံးကို လက်ခံရဲတယ်.. မင်းသာ မသမာတဲ့နည်းလမ်းနဲ့ ငါ့ကိုအနိုင်ယူခဲ့ရလို့ သွားလေရာမှာ ခဲနဲ့အပေါက်မခံရပါစေနဲ့ဆုတောင်း..hk "
" ဟားဟား ဟားဟား ခွေးပုလေးရယ်.. စိတ်လေးလျှော့ပါဦးကွာ.. ဒါကိုမသမာတဲ့နည်းလို့မခေါ်ဘူး.. ကံတရားကငါ့ကိုပိုပြီး မျက်နှာလိုက်သွားတယ်လို့ပဲခေါ်ရမှာ ..ဟင်းဟင်း ..ဒါမဲ့စိတ်ချပါ.. ငါမင်းရဲ့ ChaeYoung ssi ကို ဖြတ်ပေးမှာပါ.. ပြီး....မှ... မင်းကငါ့ရည်းစားလုပ်ရ..ရ...."
" ဘာာာ??? ဘာဖြစ်တယ်?? မင်းဘာပြောလိုက်တယ်? "
သူ့အကွက်ထဲဝင်လာသော ခွေးပုလေးကို သူပြီတီတီကြည့်ပေးလိုက်ပြီး မျက်နှာနားကပ်သွားကာ ..
YOU ARE READING
Challenge Accepted!! (2017)
Fanfictionအပြိုင်အဆိုင်များသောကောင်လေး ၂ယောက် .. အချစ်ကိုပြိုင်ပွဲတစ်ခုလိုသဘောထားကာ ပြိုင်ဆိုင်လာသောအခါ.. အပြိုင်အဆိုင်များသောကောင်လေး ၂ယောက် .. အချစ်ကိုပြိုင်ပွဲတစ်ခုလိုသဘောထားကာ ပြိုင်ဆိုင်လာသောအခါ.. [ Zawgyi + Unicode ]