Challenge Accepted!! - 17

6.2K 795 41
                                    


" ဘယ်​လို?? မဖြစ်​နိုင်​တာဟယ်​.. ​ယောက်ျား​လေးက​ယောက်ျား​လေးလိုပဲဝတ်​ရမှာ​ပေါ့.. Park ChanYeol .. နင်​အစမ်းမထွင်​နဲ့​နော်​!!"

ယောက္ခမ​လောင်းကြီးရဲ့စကား​ကြောင့်​ BaekHyun တိတ်​တဆိတ်​ကြိတ်​ကာဝမ်းသာသွားရသည်​.. သို့​သော်​..

" ဟယ်​.. ​ကောင်းသားပဲ.. ChanYeollie ​လေးရဲ့အကြံမဆိုးဘူး.. BaekBaek ​လေးနဲ့ဆိုသိပ်​လိုက်​မှာ.. "

မွေးသမိခင်​၏ချီးမွမ်းချက်​အကြီးကြီး​ကြောင့်​ သူ့မျက်​နှာချက်​ချင်းဆူပုတ်​သွားရ​သော်​လည်း.. သူ့အ​မေ​ဘေးမှ Park ChanYeol မှာပါးစပ်​ကနားရွက်​တပ်​ချိတ်​မတတ်​ ဖြီးပြ​နေသည်​...

သူအခုချိန်​ထိမယုံနိုင်​သည်​က .. အ​မေချင်းများမှား​နေကြ​လေသလား ဆိုတာပါပဲ...

" omma~~"

တကယ်​လည်းသူမဝတ်​ချင်​တာ​ကြောင့်​ ရ​လေမလားဟုသူ့အ​မေအားချွဲကြည့်​​တော့သည်​.. ​ယောက္ခမ​လောင်းကြီးအားကိုးရှိ​ပေမယ့်​ သူ့အ​မေသည်​လည်း​ပြောလို့မရ.. စိတ်​ကြီးတာသူနဲ့တူခြင်းမို့ Park ChanYeol ​ရှေ့ အရှက်​ကွဲစရာဖြစ်​မှာလည်း မလိုချင်​ပါ​လေ..

" Park ChanYeol! က​လေးကိုနင်​မဟုတ်​တာ​တွေ ​လျှောက်​မခိုင်းနဲ့​နော်​.. "

Mrs.Park ကဝင်​ဟန့်​ပြန်​သည်​..

" ဘာဖြစ်​လို့လဲ omma ကလဲ? သူ့ပုံကဂါဝန်​နဲ့လိုက်​ပါတယ်​.. လုံးဝကိုမိန်းက​လေးနဲ့တူသွားမှာ.. ​နော်​ Omma Byun?"

Park ChanYeol သည်​လုံးဝအ​လျှော့​ပေးမည့်​ပုံမ​ပေါ်.. သူဘာလုပ်​ရမလဲ?

" ဟုတ်​သားပဲသားရယ်​.. "

သူ့အ​မေကပါ​ပြောလို့မရ.. သူငိုချင်​လာသည်​..

" ဘာလဲ? မင်းကမိန်းမလိုချင်​တာလား? မိန်းမ မရလို့ငါ့ကိုမိန်းမလိုဝတ်​ခိုင်းတာလား ဟတ်​လား?"

သူငိုသံနဲ့​ပြောလိုက်​​တော့သည်​.. တကယ်​စိတ်​ရှုပ်​ပြီးငိုချင်​လာတာ ဒါပထမဆုံးပါ..

°•°•°•°•°•°•°•°•

ChanYeol မျက်​လုံးပြူးသွား​တော့သည်​.. BaekHyun မျက်​ဝန်းမှမျက်​ရည်​စ​တွေ​ဝေ့လာသည်​ကိုလည်း မြင်​​နေရသဖြင့်​ သူစတာလွန်​သွားပြီလားမသိဟု ​နောင်​တရချင်​လာသည်​..

Challenge Accepted!! (2017)Tempat cerita menjadi hidup. Temukan sekarang