~~ ring~~ ring ~~" nae.. "
" သား BaekHyun.. ညနေကျရင် အိမ်ကကားလွှတ်လိုက်မယ်.. ChanYeol လေးနဲ့အတူ omma တို့ဆီလိုက်ခဲ့နော် "
" omma တို့ကဘယ်မှာမို့လို့လဲ?"
" အခုတော့အိမ်မှာလေ.. ညနေသားတို့ကျောင်းဆင်းချိန်ရောက်ရင် ဝတ်စုံနဲ့ လက်စွပ်သွားရွေးကြမှာ.. အဲ့ဒါသားတို့ တခါထဲကြိုက်တာရွေးလို့ရအောင်ခေါ်လိုက်တာ.."
" ဟင်..အဲ့လောက်တောင်လောစရာလိုလို့လား? Omma တို့ကလည်း မနေ့ကမှသဘောတူကြောင်းပြောခဲ့တာ.. ဒီနေ့တန်းပြီးဝတ်စုံရွေးနေပြီ "
BaekHyun ခေါင်းထဲချွေးပြန်လာသည်.. ဒီလောက်ကြီးမြန်မယ်လို့မထင်ထားတာကြောင့် သူထိုကိစ္စကိုခဏမေ့ထားတာ.. အခုတော့..
" ဘာဖြစ်လဲသားရယ်.. သားတို့လည်းကျောင်းပြီးတော့မှာပဲ မစောတော့ပါဘူး.. လုပ်ငန်းကိုယ်စီနဲ့ဖြစ်သွားရင် တယောက်နဲ့တယောက်အမြဲတွေ့နေရမှာမဟုတ်တော့ စိတ်မချစရာတွေဖြစ်လာနိုင်တယ်.. ဒါကြောင့် omma တို့ကလောရတာ.. "
စိတ်မချစရာ?? ဘယ်သူကဘယ်သူ့ကိုစိတ်မချရမှာလဲ?? ဝေးသေး..
" omma တို့ကလည်းဗျာ ..."
" ကဲကဲ.. အဲ့ဒါဆိုဒါပဲသား.. ChanYeol လေးနဲ့အတူပြန်ခဲ့နော် "
" Nae Nae "
သူစိတ်မပါစွာဖြေလိုက်ပြီးနောက် ဖုန်းချပစ်လိုက်တော့သည်..
အခုမှကိုယ့်အတက်ကိုယ်ဆူးဆိုသလိုဖြစ်နေသည့်သူ့ဘဝ.. ChanYeol ဘာလို့သူ့ကိုမငြင်းရတာလဲ.. လက်ထပ်ပြီးရင်သူ့ကိုကောင်းကောင်းအနိုင်ယူဖို့တွေးထားတာကြောင့် မငြင်းပဲလက်ခံလိုက်တာလား... ဘာအကြံအစည်တွေရှိနေတာလဲ??
နေ့လည်ကျောင်းမတက်ခင်က.. သူအတန်းထဲပြန်ရောက်လာတော့ သူ့စားပွဲပေါ်တွင်ရေခဲမုန့်နဲ့ကိတ်လေးရောက်နေသည်.. ဘယ်သူလာထားတာလဲသိချင်၍ ဘေးမှ SuHo အားမေးတော့ ပြူးကြောင်ကြောင်နှင့်ခေါင်းယမ်းပြသည်..
YOU ARE READING
Challenge Accepted!! (2017)
Fanfictionအပြိုင်အဆိုင်များသောကောင်လေး ၂ယောက် .. အချစ်ကိုပြိုင်ပွဲတစ်ခုလိုသဘောထားကာ ပြိုင်ဆိုင်လာသောအခါ.. အပြိုင်အဆိုင်များသောကောင်လေး ၂ယောက် .. အချစ်ကိုပြိုင်ပွဲတစ်ခုလိုသဘောထားကာ ပြိုင်ဆိုင်လာသောအခါ.. [ Zawgyi + Unicode ]