Challenge Accepted!! - 20

5.6K 796 57
                                    


~~ Honeymoon? လိုလို့လား? မသွားချင်​ပါဘူး ~~

BaekHyun အလိုမကျကာ မျက်​နှာကိုလည်းဆူပုတ်​ထားမိမှာအမှန်​ပင်​.. ယူဆိုလို့လည်း ယူပြီးပြီ.. ဒါဆိုပြီးပြီ​ပေါ့.. honeymoon ထွက်​ရ​လောက်​တဲ့အထိ သူတို့ကကြည်​နူး​နေကြတာမှမဟုတ်​ပဲ..

" ဟဲ့ နင့်​မျက်​နှာကဘာဖြစ်​​နေတာလဲ Park BaekHyun? "

PARK BAEKHYUN??? WHAT THE....!!

BaekHyun ဆူ​နေသည့်​မျက်​နှာက​နေ ​ပေါက်​ကွဲထွက်​မတတ်​ဖြစ်​သွားရသည်​.. သူ့အ​မေအခုသူ့ကိုဘယ်​လို​ခေါ်လိုက်​တာ??

" Omma! ဘာကို Park BaekHyun လဲ? သားက Byun ပဲ!!"

* ​ဒေါက်​ *

" အ!! Omma!! "

သူ့​ခေါင်းအ​ခေါက်​ခံလိုက်​ရတာ​တောင်​ ဘာမှဝင်​မ​ပြောပဲ​ဘေးက​နေပြုံးစိစိနဲ့ .. ​တော်​​တော်​ကြည့်​လို့​ကောင်း​နေပုံရသည့်​ Park ChanYeol!

~~ ဒင်း​ကြောင့်​ ငါအ​ခေါက်​ခံရတာ .. ​တောက်​!!~~

" BaekHyun! နင်​မရှက်​ဘူးလား ဟမ်​? ဘယ်​အချိန်​ထိကန့်​လန့်​​တွေ​ပြော​နေ လုပ်​​နေဦးမှာလဲ? မျိုးရိုးနာမည်​ကို Park ပဲယူသင့်​တာ​ပေါ့"

ရှက်​သည်​.. ကိုယ့်​ကိုအနိုင်​လိုချင်​​နေသူ​ရှေ့မှာ ကိုယ်​အဆူခံ​နေရတာ သိပ်​ရှက်​ဖို့​ကောင်းသည်​..

" wae? သားလည်း​ယောက်ျားပဲဟာ! ဘာလို့ Park ကိုမှလဲ??"

မင်္ဂလာပွဲအပြီး အိမ်​သို့ပြန်​လာရာ မိဘ​တွေအိမ်​ကိုမပို့ကြပဲ သူတို့နှစ်​​ယောက်​ထဲ​နေရမည့်​ ​ဘေးချင်းကပ်​က လူပျိုကြီး Choi ​ရောင်းသွားသည့်​တိုက်​သို့ တခါထဲပို့ကတည်းက BaekHyun တင်း​နေခြင်း..

မဟုတ်​ဘူး .. BaekHyun ရဲ့စိတ်​ဟာ Park ChanYeol နဲ့ပတ်​သတ်​​နေသမျှ​တော့ ဘယ်​​တော့မှကြည်​လင်​​အေးမြလာမှာမဟုတ်​တာ သူ​သေချာ​ပြောရဲသည်​..

အခုလည်းယူတာက​ယောက်ျားအချင်းချင်းကိုမှ ဘာ​ကြောင့်​ Park ChanYeol ရဲ့မျိုးရိုးကိုမှယူရတာလဲ သူခံပြင်းမိသည်​.. သူကဘာဖြစ်​​နေလို့လဲ??

" BaekHyun ​တော်​လိုက်​​တော့!! ငါနင်​နဲ့ရန်​မဖြစ်​ချင်​ဘူး.."

Challenge Accepted!! (2017)Where stories live. Discover now