ဘာလိုလိုနဲ့ပဲ BaekHyun မရောက်ချင်သည့်နေ့ကိုရောက်တော့မည်.. ၃ရက်သာလိုတော့သောအချိန်က သူ့အားကိုယ့်လုပ်ရပ်ကိုယ်နောင်တရစေသည်.. သူဘာကြောင့်များ Park ChanYeol ကိုလက်ထပ်မည်ပြောခဲ့ရတာလဲ အခုမှကိုယ့်ကိုယ်ကိုအပြစ်တင်လို့မဆုံးဖြစ်မိသည်..ယူပြီးတာနဲ့ပြီးတာမဟုတ်သေး.. တစ်အိမ်ထဲမှာ ဘယ်လိုလုပ်နှစ်ယောက်ထဲနေမှာလဲ? Park ChanYeol သူ့ကိုဘာတွေကြံစည်မလဲဆိုတာ သူလည်းမသိနိုင်ဘူး .. ဒီရက်ပိုင်း Park ChanYeol ရဲ့အမူအရာတွေဟာ မူမမှန်ဘူးလို့သူသတိထားမိလာသည်.. ဘာတွေထပ်ပြီးကြံစည်နေပြန်ပြီလဲဟုစဉ်းစားရင်း အငိုက်မမိအောင်သတိထားနေရသေးသည်..
ညနေခင်းတစ်ခု.. သေချာပါသည်.. သူ့အား ChanYeol ပြင်းပြင်းရှရှနမ်းခဲ့သည့်ညနေခင်းကစခဲ့တယ်လို့ပဲထင်သည်.. သူကိုယ်တိုင်နစ်မြောသွားခဲ့မိတယ်ဆိုတာတော့ ယောက်ျားပီပီသသဝန်ခံပါသည်..
ထိုအချိန်က ChanYeol မေးသည့်မေးခွန်းကို ပြန်ဖြေစရာသူ့မှာအဖြေမရှိပေ.. ဒါကြောင့်ပဲအနိုင်ပိုင်းမယ့်စကားကိုရွေးပြောလိုက်ခြင်းပါ.. သို့ပေမယ့် သူ့ရဲ့စကားကြောင့်ပဲလားမသိ.. ChanYeol ဟာသူ့ကိုတွေ့ရင် မထိတထိရိသဲ့သဲ့လုပ်သည်.. သူမကြိုက်ဘူးပြောတော့ .. မကျေနပ်ရင်ငါလုပ်တဲ့အတိုင်းပြန်လုပ်ပေါ့ဆိုပြီး လူယုတ်မာစကားပြောသည်..
တစ်ခါတစ်ခါ ChanYeol သူ့ကိုကြည့်တဲ့အကြည့်တွေဟာနွေးထွေးစေသလို.. တစ်ခါတစ်ခါဆိုရင်တော့အမြင်ကပ်ဖွယ်ပင်.. မင်းကလက်ထပ်ချင်လွန်းလို့ငါကသဘောတူပေးတာဆိုသည့် ညစ်တစ်တစ်အပြုံးကြီးနဲ့လည်း အနိုင်ယူလေ့ရှိသည်..
" ကျစ်....အား.... မုန်းဖို့ကောင်းလိုက်တာ Park ChanYeol! "
" tsk tsk .. တွေ့လား.. အမြဲတမ်းကိုယ့်အကြောင်းပဲစဉ်းစားနေတာ.. အဲ့လောက်တောင်ချစ်လားကိုယ့်ကို?"
~~ omma ya!! ~~
အနောက်ကနေ အသံဩဩကြီးထွက်လာတာကြောင့် BaekHyun လန့်သွားသည်.. သို့သော်လည်းထုတ်ပြီးမယောင်ရဲ..
YOU ARE READING
Challenge Accepted!! (2017)
Fanfictionအပြိုင်အဆိုင်များသောကောင်လေး ၂ယောက် .. အချစ်ကိုပြိုင်ပွဲတစ်ခုလိုသဘောထားကာ ပြိုင်ဆိုင်လာသောအခါ.. အပြိုင်အဆိုင်များသောကောင်လေး ၂ယောက် .. အချစ်ကိုပြိုင်ပွဲတစ်ခုလိုသဘောထားကာ ပြိုင်ဆိုင်လာသောအခါ.. [ Zawgyi + Unicode ]