ခြံထဲကဒန်းပေါ်တွင်ထိုင်ရင်း BaekHyun လက်သည်းကိုလည်းတတိတိကိုက်ကာ စဉ်းစားခန်းဝင်နေသည်.. အကြောင်းကတော့ သူ Park ChanYeol အား စာပေးခဲ့သည့်ညမှစပြီး နောက်နေ့တွေမှာ Park ChanYeol ရဲ့မျက်နှာကို ကောင်းကောင်းမမြင်ရတော့တာပဲဖြစ်သည်.. သူနိုးရင် Park ChanYeol ကမရှိတော့ပေ .. ကျောင်းဖွင့်ရက်တွေဆို ကျောင်းကိုအရင်သွားနှင့်ပြီး ကျောင်းပိတ်ရက်တွေဆို ဘယ်အလေလိုက်မှန်းမသိအောင် တစ်နေကုန်ပျောက်နေတတ်သည်.. ညဆိုလည်းသူမအိပ်ခင်ပဲပြန်လာသလား အိပ်ပျော်သွားမှပြန်လာသလားဆိုတာကိုပင် သေချာမသိတော့..သူပြောလိုက်တဲ့အထဲအမှားများပါသွားလို့လား.. ဒါမှမဟုတ် ဟိုကိစ္စကိုများအခုထိမကျေနပ်သေးလို့ သူ့ကိုမျက်နှာချင်းမဆိုင်ချင်တာလား.. သူ့ဘက်ကတောင်အားလုံးကိုခွင့်လွှတ်သင့်တာခွင့်လွှတ် တောင်းပန်သင့်တာတောင်းပန်ခဲ့သေးတာကို .. ဟိုကောင်တွေပြောတော့ Park ChanYeol ကသူ့ကိုချစ်နေသလေးဘာလေးနဲ့ အခွင့်အရေးလေးပေးလိုက်ပြန်တော့ မျက်နှာတောင်လာမတွေ့တော့ဘူး.. ဟူး.. အလကားပဲ..
ထိုအချိန်မှာပဲ ခြံတံခါးဖွင့်ကာဝင်လာသည့် Park ChanYeol ကိုတွေ့လိုက်ရသည်..
" Chan.."
BaekHyun လှမ်းခေါ်ဖို့လုပ်တော့ ပြုံးရွှင်နေသည့် ChanYeol ရဲ့မျက်နှာဟာဘေးတစ်ဖက်ကိုစောင်းပြီး စကားတွေပြောနေမှန်း သေချာတွေ့လိုက်ရသည်.. နောက်ထပ်တွေ့လိုက်ရသည်က မိန်းကလေးတစ်ယောက် ပုပုသေးသေးနှင့်ချစ်စရာကောင်းသည်.. သူမကိုငုံ့ပြီးစကားတွေပြန်ဖြေနေလိုက်တာများ BaekHyun တောင်မမြင်ဖူးသည့် ချိုလိုက်သည့်အပြုံးများနှင့်.. ပထမဆုံးဖြစ်လာတဲ့ခံစားချက်ကိုပြောပါဆိုရင် .. မကြိုက်ဘူး.. ဒီလိုပုံစံမြင်တွေ့နေရတာသူ့အတွက်အဆင်မပြေဘူး
" Aww.. BaekHyun ah.."
ChanYeol ကသူကြည့်နေတာကိုမြင်သွားပြီး သူ့ကိုလှမ်းခေါ်ကာ တစ်ဖက်ကမိန်းကလေးကိုသူ့အနားခေါ်လာသည်..
YOU ARE READING
Challenge Accepted!! (2017)
Fanfictionအပြိုင်အဆိုင်များသောကောင်လေး ၂ယောက် .. အချစ်ကိုပြိုင်ပွဲတစ်ခုလိုသဘောထားကာ ပြိုင်ဆိုင်လာသောအခါ.. အပြိုင်အဆိုင်များသောကောင်လေး ၂ယောက် .. အချစ်ကိုပြိုင်ပွဲတစ်ခုလိုသဘောထားကာ ပြိုင်ဆိုင်လာသောအခါ.. [ Zawgyi + Unicode ]