" BaekHyun ဟိုတစ်ယောက်မင်းအနားရောက်လာရင် ငါ့ကိုဖုန်းဆက်နော် ကြားလား?"စာသင်ခန်းထဲကိုမဝင်မချင်း တောက်လျှောက်အနောက်ကနေလိုက်ကာ ChanYeol တတွတ်တွတ်ပြောနေသည် ..
" နားညီးလာပြီကွာ မင်းဘယ်နှခါပြောနေမှာလဲ ပြီးတော့ငါ့ကိုယ်ငါကာကွယ်နိုင်တယ် မင်းပူနေစရာမလိုဘူး!"
BaekHyun စိတ်ရှုပ်လာ၍အော်လိုက်သည် .. Park ChanYeol ဟာစိတ်ရှုပ်ဖို့ကောင်းတဲ့သူမှန်းသူသိပေမယ့် ဒီတစ်ခါတော့ခါတိုင်းနဲ့မတူပဲ သူ့ကိုနားပူနေသည်.. သူလည်းကလေးမဟုတ်တော့ပါ ဒီလောက်ကတော့ကိုယ့်ကိုယ်ကိုကာကွယ်နိုင်ပါသေးသည် အခုလိုလိုက်ပြောခံနေရတာကိုက သူ့ role ကျသလိုခံစားရသည်.. သူက Park ChanYeol ကာကွယ်ပေးမှရမယ့် အင်အားမရှိသည့်လူမျိုးလား.. လုံးဝပါပဲ
" ငါက.. ... ငါကလည်း မင်းတစ်ခုခုဖြစ်ရင် Omma Byun တို့ကိုမျက်နှာပူလို့မှာနေတာ "
" huh သိသားပဲ .. ကဲ သွားတော့ကွာ.. "
BaekHyun နှင်လွှတ်လိုက်ပါတော့သည် .. ဒါတောင်သက်ပြင်းတချချနဲ့ မသွားနိုင်ဖြစ်နေသေးသည် .. သူလှည့်ကြည့်မနေတော့ပဲ ကိုယ့်နေရာမှာသာသွားထိုင်လိုက်သည်..
" မင်းတို့ဘာဖြစ်လာတာလဲ "
KyungSoo ကဖုန်းကိုပိတ်လိုက်ရင်း သူ့ဘက်လှည့်ကာမေးသည်
" ဟူး .. စိတ်ရှုပ်စရာတွေပါကွာ "
BaekHyun သက်ပြင်းချရင်းခေါင်းပါယမ်းကာ ညည်းလိုက်မိသည် .. တကယ်လည်းစိတ်ရှုပ်စရာတွေပါ .. တစ်သက်နဲ့တစ်ကိုယ်ရန်ဖြစ်ဖူးတဲ့သူဆိုလို့ Park ChanYeol အပြင်ဘယ်သူမှမရှိပဲ အေးဆေးနေလာသည့်သူ့ကိုမှ လာတိုက်ခိုက်ရတာနဲ့မနာလိုရတာနဲ့ တကယ်ကိုစိတ်ရှုပ်မိသည်.. ပြဿနာအရင်းခံဟာ Park ChanYeol ကြောင့်ဆိုသည့်အချက်က သူ့ကိုပိုပြီးစိတ်ရှုပ်ဒေါသထွက်စေသည် ..
" မင်းမနေ့ကပြောတဲ့ psycho ဆိုတဲ့ကောင်မလေး Park ChanYeol ကိုလက်ဆောင်ပေးတာမြင်လိုက်တယ်မလား?"
YOU ARE READING
Challenge Accepted!! (2017)
Fanfictionအပြိုင်အဆိုင်များသောကောင်လေး ၂ယောက် .. အချစ်ကိုပြိုင်ပွဲတစ်ခုလိုသဘောထားကာ ပြိုင်ဆိုင်လာသောအခါ.. အပြိုင်အဆိုင်များသောကောင်လေး ၂ယောက် .. အချစ်ကိုပြိုင်ပွဲတစ်ခုလိုသဘောထားကာ ပြိုင်ဆိုင်လာသောအခါ.. [ Zawgyi + Unicode ]