Challenge Accepted!! - 28

3.4K 575 42
                                    


ChanYeol သူ့လက်​ထဲမှာမရုန်းကန်​ပဲ အသာတကြည်​လိုက်​လာသည့်​ မိန်းက​လေးအား​ဒေါသနဲ့ကြည့်​လိုက်​ပြီး သူ​နောက်​ကျလို့သာ BaekHyun အခုလိုအန္တရာယ်​အပြုခံရတာဟု ကိုယ့်​ကိုယ်​ကိုအပြစ်​တင်​​နေမိသည်​..

~~<<

ကျောင်း​ရောက်​​ရောက်​ချင်း အတန်းထဲမှာ BaekHyun အားမ​တွေ့ရသဖြင့်​ ChanYeol စိတ်​တို့ပူစပြုလာပြန်​သည်​.. ဒီ​ကောင်​​လေးသူထင်​သလို စိတ်​လိုက်​မာန်​ပါ​တွေလုပ်​​နေပြီလားဟု​တွေးပြီး KyungSoo ဆီလှမ်းဆက်​​တော့.. KyungSoo ကလည်းဘာမှမသိ​သေးပါတဲ့..

" ​ကျောင်းကိုလာတာ​ရော ဟုတ်​ရဲ့လားကွာ.. ဟူး.."

BaekHyun ခုံ​ပေါ်မှပဲသူ့လွယ်​အိတ်​​တွေ ထမင်း​ဗူး​တွေကိုချကာ BaekHyun အားဖုန်း​ခေါ်ကြည့်​​တော့သည်​.. သူ​ခေါ်ရင်​မကိုင်​မှာသိ​နေတာ​ကြောင့်​ ​စော​စောကမ​ခေါ်ခဲ့မိတာ ​နောင်​တရသည်​.. သို့​သော်​အခု​ခေါ်​တော့လည်း ဖုန်းကစက်​ပိတ်​ထားသည်​တဲ့..

" tsk! BaekHyun ကွာ.."

မ​နေနိုင်​​တော့တဲ့အဆုံး အရင်​ဆုံး​ကျောင်းထဲကိုလှည့်​ပတ်​ရှာဖို့ဆုံးဖြတ်​လိုက်​​တော့သည်​.. ဟိုကြည့်​ဒီကြည့်​နှင့်​ ​ကျောင်း​ဆောင်​အခန်း​တွေကြားထဲလည်းမကျန်​အကုန်​လှည့်​ပတ်​ကြည့်​ရင်း အ​ဆောင်​​အောက်​နားက locker ထားရာ​နေရာဆီအ​ရောက်​.. ​ကျောင်းသူတစ်​​ယောက်​က ​ကျောင်းသားတစ်​​ယောက်​ရဲ့လည်​ပင်းကိုကိုင်​ထားသည်​.. ​သေချာမမြင်​ရတာမို့ ကျီစယ်​​နေကြသည်​ဟုပဲထင်​လိုက်​မိသည်​.. သူလှည့်​ထွက်​ဖို့ပြင်​​တော့ အမှတ်​တမဲ့မြင်​လိုက်​ရတာ ကြမ်းပြင်​​ပေါ်တွင်​ကျ​နေသည့်​လွယ်​အိတ်​မှာ BaekHyun လွယ်​အိတ်​နဲ့ဆင်​တူ​နေသည်​.. သူ​သေချာကြည့်​ရန်​အနားသို့ဖြည်းဖြည်းချင်းတိုးသွားကာမှ ခုနကသူထင်​သလိုကျီစား​နေကြခြင်းမဟုတ်​ပဲ လည်​ပင်းအညှစ်​ခံ​နေရခြင်း.. ခံ​နေရသူမှာလည်း BaekHyun ဆိုတာကိုသိသိချင်း ပူထူသွားကာအ​ပြေးသွားပြီး ထိုမိန်းက​လေးကိုတွန်းထုတ်​ပစ်​လိုက်​သည်​..

~~>>

ထိုမိန်းက​လေးအား​ကောင်း​ကောင်းအ​ရေးယူ​ပေးရန်​ ပါ​မောက္ခအား ChanYeol တိုင်​ကြားခဲ့သည်​.. လိုအပ်​ပါကသက်​​သေများလည်းရှိပါသည်​ဟု​ပြောခဲ့သည်​.. သူမပို့​ပေးခဲ့သည့်​​သွေးစွန်းပုံများကို လိုလိုမယ်​မယ်​သူသိမ်းထားခဲ့တာဖြစ်​သည်​.. သူမက​တော့ခုနကလည်​ပင်းညှစ်​​နေသည့်​ပုံစံနဲ့တခြားစီ အခု​တော့အနိုင်​ကျင့်​ခံရသူလိုငြိမ်​ကုပ်​ကာ သူ​ပြောသမျှကိုလည်းဘာမှပြန်​မ​ချေပပဲနား​ထောင်​​နေသည်​..

Challenge Accepted!! (2017)Where stories live. Discover now