BaekHyun ဒီနေ့တော့ကျောင်းတက်သည်.. ဆက်တိုက်ပျက်နေလျှင် ညစ်တီးညစ်ပတ်တွေနဲ့ထင်ရာလျှောက်ပြောကြမည့် သူငယ်ချင်းအကောင်းစားကြီးတွေရှိနေသည်လေ.. ကြောက်လို့တော့မဟုတ်ပေမယ့် ထိုသို့အစခံရတာသူမကြိုက်ပေ..ကျောင်းရောက်တော့လည်း သူတို့၏သတင်းအားသိနေကုန်သော လူအပေါင်း၏စပ်စုသလိုအကြည့်များနှင့်ရင်ဆိုင်ရသေးသည်.. အတန်းဖော်ရင်းနှီးသည့်သူများဆိုရင် သူ့အားဂုဏ်ပြုစကားလာပြောသည့်သူတွေတောင်ရှိသည်..
ရှက်လိုက်သည့်ဖြစ်ခြင်း မျက်နှာဆိုတာဘယ်နားသွားထားရမှန်းပင်မသိ .. သူကသာထိုသို့ဖြစ်နေပေမယ့် Park ChanYeol မှာတော့ ပြုံးဖြီးနေသည့်မျက်နှာနှင့် ..
ကျောင်းကိုအတူတူမသွားလျှင်မဖြစ်တာမို့သာ Park ChanYeol ကားနဲ့လိုက်လာခဲ့ရသည်.. ကားထဲမှာသူလည်းစကားမပြော ကိုယ်ကလည်းအဖတ်မလုပ်.. ဟုတ်မှာပါလေ ကိုယ်ကသူ့ကိုဆွဲထိုးထားတဲ့အရှိန်ရှိနေတော့ ကိုယ့်ကိုဘယ်စကားပြောရဲပါ့မလဲလေ...ထိုသို့ဘဝင်မြောက်အတွေးကိုပဲရှာကြံတွေးပစ်လိုက်ပြီး ကျောင်းသို့ရောက်လာခဲ့သည်..
ကျောင်းကိုရောက်ပြီဆိုသည်နှင့်ချက်ချင်း ကားပေါ်မှ Park ChanYeol မျက်နှာနှင့်လားလားမှမဆိုင်သော နွားပွဲစားသဖွယ်မျက်နှာမျိုးချက်ချင်းပြောင်းသွားတာဖြစ်သည်..
~~ ချက်ချင်းပဲ.. ဘာကိုဟန်ဆောင်ချင်နေတာလဲ Park ChanYeol ~~
BaekHyun တွေးမိသည်ကတော့.. အတွင်းမှာမပြေလည်သော်လည်း အပြင်မှာတော့လူမြင်ကောင်းအောင်ပျော်ရွှင်ပြမည်ပေါ့.. ဒါပေမယ့်ဒါကအမှန်မှမဟုတ်ပဲလေ.. သူကတော့ဟန်ဆောင်မနေနိုင်ပေ.. အရှိကိုအရှိအတိုင်းပေါ့..
" huh.. မင်းအလှည့်စတော့မယ် Park ChanYeol "
အတန်းပေါက်ဝမှလှမ်းမြင်နေရသည့် ပြုံးဖြီးဖြီးမျက်နှာပိုင်ရှင် ChanYeol အား BaekHyun သူ့အတန်းထဲမှထိုင်နေရင်း နာကျည်းစွာစိုက်ကြည့်ကာ တစ်ကိုယ်တည်းရေရွတ်လိုက်သည်..
YOU ARE READING
Challenge Accepted!! (2017)
Fanfictionအပြိုင်အဆိုင်များသောကောင်လေး ၂ယောက် .. အချစ်ကိုပြိုင်ပွဲတစ်ခုလိုသဘောထားကာ ပြိုင်ဆိုင်လာသောအခါ.. အပြိုင်အဆိုင်များသောကောင်လေး ၂ယောက် .. အချစ်ကိုပြိုင်ပွဲတစ်ခုလိုသဘောထားကာ ပြိုင်ဆိုင်လာသောအခါ.. [ Zawgyi + Unicode ]