BaekHyun ဆက်ပြီးဖုံးကွယ်မထားချင်တော့ပေ.. ChanYeol မျက်နှာမကောင်းဖြစ်သွားတာကို သတိထားမိပေမယ့် သူထည့်ပေးတဲ့ဟင်းကို ပထမဆုံးအကြိမ်စားဖူးခြင်းဆိုသည့် ခေါင်းစဉ်ဖြစ်လိမ့်မည်ဟု မထင်မိပေ.. ChanYeol သေချာမပြောပေမယ့် သူသိလိုက်သည်.. ဒါကြောင့်ပဲ သူရင်ထဲမကောင်း ဖြစ်ရပြန်သည်.. ChanYeol က တောက်လျှောက်သူ့ကို အလျှော့ပေးလာခဲ့တာ သူကတော့သိနေပြီးတာတောင် ဘာမှပြန်မလုပ်ပေးနိုင်သေးဘူး.." ငါအားလုံးသိတယ် ChanYeol "
အံ့ဩသွားပေမယ့် ခန့်မှန်းမိပုံရသည့် ChanYeol က အရမ်းတော့မူမပျက်ပါ.. သို့သော်အသံတွေတော့တုန်နေသည်..
" ဘယ်တုန်းကလဲ "
" မကြာသေးပါဘူး .. အဲ့ဒီနေ့က သူကိုယ်တိုင်ငါ့ကိုပြောခဲ့တာ "
BaekHyun ရဲ့စကားကို ChanYeol နားလည်ပုံမရပဲ ပြန်မေးလေသည်..
" သူ? ဘယ်သူလဲ? "
ဟုတ်သားပဲ ChanYeol မသိသေးတာ ဒီတစ်ခုရှိသေးတာပဲ.. BaekHyun မပြောနိုင်သေးဘူး ဆိုသည့်ကိစ္စကို အခုပြောလိုက်တော့မည်..
" သူဆိုတာ ငါ့ကိုလည်ပင်းညှစ်ခဲ့တဲ့မိန်းကလေးပဲ.. မင်းနားလည်အောင်ပြောရရင် ငါတို့ကြားမှာ ခလောက်ဆန်ခဲ့တဲ့သူ .. မင်းနဲ့ငါ့ကို အခုလိုတွေဖြစ်အောင်လုပ်ခဲ့တဲ့ တစ်ယောက်တည်းသောသူပဲ "
သူ့စကားအဆုံးမှာ ChanYeol တကယ် အံ့ဩသွားပုံ ရပါသည်.. BaekHyun သက်ပြင်းချ လိုက်တော့သည်..
" အဲ့ဒီနေ့က ငါကျောင်းကိုအစောကြီးသွားတယ် .. ပြီးတော့ ငါ့ locker ရှေ့မှာသူ့ကိုတွေ့တယ် .. ကြည့်ရတာ နောက်ထပ်စိတ်အနှောင့်အယှက်ပေးချင်လို့ထင်တယ် ငါ့ locker ထဲကို ဝင်မွှေနေတာတွေ့လို့ ငါအမိအရဖမ်းလိုက်တာ ..အဲ့မှာပဲသူက သူမကျေနပ်ခဲ့တာတွေကို အကုန်ထုတ်ပြောလာတာ .. ဘယ်လောက်တောင် မကျေနပ်ခဲ့လို့လဲမသိဘူး စိတ်ရောဂါသည် ဖြစ်ရတဲ့အထိဆိုတော့..
YOU ARE READING
Challenge Accepted!! (2017)
Fanfictionအပြိုင်အဆိုင်များသောကောင်လေး ၂ယောက် .. အချစ်ကိုပြိုင်ပွဲတစ်ခုလိုသဘောထားကာ ပြိုင်ဆိုင်လာသောအခါ.. အပြိုင်အဆိုင်များသောကောင်လေး ၂ယောက် .. အချစ်ကိုပြိုင်ပွဲတစ်ခုလိုသဘောထားကာ ပြိုင်ဆိုင်လာသောအခါ.. [ Zawgyi + Unicode ]