[ ကျနော် Park ChanYeol သည် Byun BaekHyun ကို ရှုံးခဲ့ပါသည် ]ChanYeol ကတ်ထူးပြားပေါ်က စာတန်းကိုဖတ်ပြီး နည်းနည်းတော့ စိတ်တိုသွားသည်..
" ဒါက ဘာလဲ?"
သူ သိချင်လို့ မေးလိုက်တော့ BaekHyun က သူ့ကို ညစ်ကျယ်ကျယ် အပြုံးနဲ့ပဲ ..
" မင်းကို ခိုင်းတာလေ.. အဲ့ကတ်ထူလေးကို မင်း လည်ပင်းမှာဆွဲ .. ပြီးရင်.. ငါ မနက်စာ မစား ခဲ့ရဘူးကွာ.. အဲ့ဒါ ကန်တင်းကနေ နွားနို့ဗူးနဲ့ ပေါင်မုန့်တစ်ခုခု ဝယ်လာခဲ့ပေးနော် ?"
အဆုံးမှာ မျက်စိက မှိတ်ပြလိုက်ပါသေးတယ်..
"ဘာပြောတယ်? မင်း.."
" ဘာလဲ.. မလုပ်ဘူးလား? ရတယ်လေ.. မင်းက ငကြောက်ပဲ ကိုယ်ရှုံးတာ ကိုယ်ဝန်မခံရဲဘူး.. "
ChanYeol အလိပ်လိုက် တက်လာသော ဒေါသ တွေကို မနည်းမျိုသိပ်လိုက်ရသည်.. ဒါ သူ့ကို သက်သက် လာစိန်ခေါ်နေတာ.. သူ သည်းခံရမယ်လေ.. စိတ်ကို ဖြည်းဖြည်းချင်း လျှော့လိုက်ရင်း..
" hk .. ငါက ဘာလို့ မလုပ်ရဲရမှာလဲ.. ဒီလောက် ကတော့ အပျော့ပေါ့.. ပေး.. စောင့်ကြည့်လိုက်.. မင်းအတွက် နွားနို့တစ်ဗူးရယ်.. ပေါင်မုန့်အိအိလေး တစ်ခု ဝယ်လာခဲ့ပေးမယ်.. ဟုတ်ပြီနော်? * wink * "
ChanYeol့ ကိုလာပြီး စိန်ခေါ် လို့ ဘယ်ရမလဲ.. ပေးလာတဲ့ အခွင့်အရေးကို အမိအရ သူဖမ်းဆုပ် ရမယ်လေ..
ရယ်တော့ ရယ်ရသား.. သူ မျက်စိလေးမှိတ်ပြတာကို BaekHyun တစ်ယောက် မျက်နှာတွေ နီလာတယ်..
" ပြီး..ပြီးရောလေ.. မင်း ဝယ်ပြီးရင် ငါ့အတန်းကို လာပို့ပါ.."
" ok..ခဏပဲ စောင့်.."
BaekHyun တို့အုပ်စု ဘောက်ဆက် ဘောက်ဆက် နဲ့ ပြန်ထွက်သွား တော့.. ChanYeol သူ့ သူငယ်ချင်း တွေကို မျက်စိ မှိတ်ပြလိုက်သည်..နောက်တော့ ထို ကတ်ထူပြားလေးကို သူ့လည်ပင်း မှာ ချိတ်ဆွဲလိုက်ရင်း.. ကန်တင်းရှိရာဆီကို ချီတက်လာခဲ့ပါတော့တယ်..
YOU ARE READING
Challenge Accepted!! (2017)
Fanfictionအပြိုင်အဆိုင်များသောကောင်လေး ၂ယောက် .. အချစ်ကိုပြိုင်ပွဲတစ်ခုလိုသဘောထားကာ ပြိုင်ဆိုင်လာသောအခါ.. အပြိုင်အဆိုင်များသောကောင်လေး ၂ယောက် .. အချစ်ကိုပြိုင်ပွဲတစ်ခုလိုသဘောထားကာ ပြိုင်ဆိုင်လာသောအခါ.. [ Zawgyi + Unicode ]