BaekHyun....သူ ChanYeol ကိုရှောင်နေခဲ့သည်.. မတွေ့ချင်.. ရင်မဆိုင်ရဲဘူးလားလို့မေးရင်သူဘာဖြေရမလဲ.. ရင်မဆိုင်ရဲတာလား? ..ရှက်နေတာလား? .. ဒါမှမဟုတ် စိတ်တိုနေခြင်းလား? သူမဝေခွဲတတ်တာအမှန်ပင်.. ပြိုင်ပွဲနေ့ကအဖြစ်ကို သူစိတ်ဆိုးသည်လည်းမဟုတ်ပဲ .. အမှန်အတိုင်းဝန်ခံရလျှင်ရင်တွေတုန်နေခဲ့သည်..
Park ChanYeol ကိုဘာကြောင့်သူပြန်နမ်းခဲ့မိသလဲဆိုတာ တွေးမိတိုင်းမျက်နှာပူလာရသည်.. Park ChanYeol ကတော့ ပြိုင်ပွဲအတွက် အနိုင်ရချင်လို့ သရုပ်ဆောင်ခဲ့တာဆိုပေမဲ့.. ChanYeol သူ့နှုတ်ခမ်းကို lipstick flavor အရသာခံသလိုလိုနှင့် လာကလိတဲ့အချိန်ကတည်းက သူမျက်နှာတွေပူနေရတာပါ.. နှစ်ကိုယ်ကြားလည်းမဟုတ်ပဲ လူတွေအများကြီးရှေ့မှာဆိုတော့ .. သူ့မျက်နှာဘယ်နားထားရမှန်းမသိအောင်ပင်..နောက်ပြီး အဓိကအချက်က သူတို့ဟာ တကယ်ချစ်သူတွေမဟုတ်မှမဟုတ်ပဲလေ.. တခါမှ .. ဘယ်သူ့အနမ်းကိုမှ လက်မခံဖူးသေးတဲ့ သူ့အတွက်တော့ စိတ်ခံစားမှုအသစ်ကိုဖြစ်စေခဲ့သည်လေ..
သို့ပေမဲ့ သူတင်းထားနိုင်ခဲ့သည်.. မျက်လုံးအုပ်ထားသည့် ChanYeol မမြင်နိုင်ပေမဲ့ သူမရှုံးအောင်တင်းခံထားနိုင်ခဲ့သည်.. သူအခက်အခဲဖြစ်ရင် Park ChanYeol က စိတ်ချမ်းသာတတ်သည်မို့လား.. ဒါကြောင့်အရှုံးမခံပဲ နောက်ဆုံးအကြိမ်မှာ သူပြန်နမ်းခဲ့သည်..
သူပြန်နမ်းတာကို Park ChanYeol တယောက် အထူးအဆန်းတွေဖြစ်ပြီး ရိသဲ့သဲ့လာစမှာကြောက်တာကြောင့်လည်း ပြိုင်ပွဲပြီးကတည်းက ChanYeol နဲ့မျက်လုံးချင်းမဆုံမိအောင်နေခဲ့သည်.. ChanYeol ဟာလည်း အပြန်ကျမှ ဘာစိတ်ကူးပေါက်တယ်မသိ .. သူ့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံကာ ထင်သလို ရိသဲ့သဲ့စကားပြောမလာခဲ့ပေ .. လက်ဆောင်တွေရလို့ ပျော်တာသိပ်မရှိပေမဲ့ သူ့ရင်ထဲမှာ စိတ်ခံစားမှုလေးတမျိုးဖြစ်နေခဲ့သည်.. ပျော်နေတာလား..ရင်ခုန်နေခဲ့တာလား..
YOU ARE READING
Challenge Accepted!! (2017)
Fanfictionအပြိုင်အဆိုင်များသောကောင်လေး ၂ယောက် .. အချစ်ကိုပြိုင်ပွဲတစ်ခုလိုသဘောထားကာ ပြိုင်ဆိုင်လာသောအခါ.. အပြိုင်အဆိုင်များသောကောင်လေး ၂ယောက် .. အချစ်ကိုပြိုင်ပွဲတစ်ခုလိုသဘောထားကာ ပြိုင်ဆိုင်လာသောအခါ.. [ Zawgyi + Unicode ]