* knock knock ** knock knock *
တံခါးခေါက်သော်လည်းပြန်မဖြေသည့်အတွက် ChanYeol အခန်းထဲဝင်သွားလိုက်သည်..
မနက်ခင်းဆိုစောစောမနိုးတတ်ဘူး နှိုးပေးရမယ်ဆိုတဲ့.. ယောက္ခမကြီးရဲ့အမှာစကားကြောင့် ကျောင်းသွားရမည့်အတွက် BaekHyun အား လာနှိုးခြင်းပါ..
မှောက်လျက်အိပ်ပျော်နေသည့်အတွက် သူ့ဘက်ကိုလှည့်ထားသည့်မျက်နှာလေးမှာ ပါးတစ်ဖက်လေးသာမြင်ရသည်.. ဖိအိပ်ထားမိတဲ့ပါးလေးအစား နှုတ်ခမ်းလေးကဆူထွက်နေသည်..
ChanYeol မနေနိုင်ပဲ မြင်နေရသည့်ပါးလေးတစ်ဖက်ကို အသာဆွဲညှစ်လိုက်မိသည်.. အိစက်နေသည့်ပါးလေးကို သူပထမဆုံးဆွဲလိမ်ခဲ့တုန်းကတည်းက သဘောကျခဲ့သည်.. ဒါကြောင့်ပဲခဏကြာသည်အထိ ခပ်ဖွဖွဆွဲညှစ်လိုက်တော့သည်.. BaekHyun က ဒီလောက်အထိအတွေ့လေးနဲ့နိုးမှာမဟုတ်မှန်း သူသိပါသည်..
အနည်းငယ်နီသွားတာမြင်လိုက်ရမှ သူစိတ်ပြန်ထိန်းကာ အသာပွတ်ပေးလိုက်ရင်း အဆုံးသတ်လိုက်သည်..
" အဟမ်း .. BaekHyun.. ထတော့ .. ကျောင်းသွားရမယ် "
အသံခပ်ကျယ်ကျယ်လေးနဲ့နှိုးလိုက်သည်..
ထင်သည့်အတိုင်း လှုပ်တောင်မလှုပ်.. ဒါကြောင့်သူအကြံတစ်ခုခေါင်းထဲဝင်လာကာ ..
~~ စိတ်မကောင်းပါဘူး BaekHyun ah ~~
"............"
" အား!!!! အား.... နာတယ်.. နာတယ်လို့ .. မင်း!! မင်းဘာလုပ်တာလဲ!!"
ပါးလေးတစ်ဖက်ကို အုပ်ကိုင်ရင်းထအော်သည့် BaekHyun ကြောင့် သူကျေနပ်သွားသည်.. ဟုတ်ပါတယ်.. သူခုနကခပ်ဖွဖွလေးသာကိုင်ခဲ့သည့်ပါးလေးကို မလုပ်ချင်သော်လည်း အားထည့်ကာဆွဲလိမ်ပစ်လိုက်ခြင်းပါ..
" မင်းကိုကျောင်းသွားဖို့ လာနှိုးတာလေ.. "
" မင်းနှိုးရင်လည်း လူလိုနှိုးပါလား.. ငါ့အသားနာအောင်လုပ်ရသလား? မင်း.. မင်းငါ့ကိုလက်စားပြန်ချေတာလား.. "
YOU ARE READING
Challenge Accepted!! (2017)
Fanfictionအပြိုင်အဆိုင်များသောကောင်လေး ၂ယောက် .. အချစ်ကိုပြိုင်ပွဲတစ်ခုလိုသဘောထားကာ ပြိုင်ဆိုင်လာသောအခါ.. အပြိုင်အဆိုင်များသောကောင်လေး ၂ယောက် .. အချစ်ကိုပြိုင်ပွဲတစ်ခုလိုသဘောထားကာ ပြိုင်ဆိုင်လာသောအခါ.. [ Zawgyi + Unicode ]