ChanYeol ကုတင်ပေါ်တွင် ဟိုလှည့်ဒီလှည့်နဲ့ စိတ်ထဲမှာ တခုခုကိုအလိုမကျသလိုဖြစ်နေရသည်.. ဒီနေ့ကျောင်းပိတ်တာမို့ အိမ်ထဲတွင် သောင်တင်နေခြင်းပါ.. အပြင်? မသွားချင်ပါ.. သူ့သူငယ်ချင်းတွေနဲ့ဆို အပြင်မသွားချင်ပေ..နောက်ပြီး သူ့သူငယ်ချင်းများကိုလည်း သူသိပ်အစာမကြေပါ.. သူ့စိတ်ထဲမှာ နေမရထိုင်မရဖြစ်နေရတာ အကြောင်းတခုထဲရယ်ပါ.. ဒါကတော့ Byun BaekHyun..'Chapstick Challenge ' ဆိုသောပြိုင်ပွဲကြီး ပြီးကတည်းက သူ့ကိုမျက်နှာချင်းမဆိုင်ပဲရှောင်နေတာ တရက်ခွဲရှိပြီဖြစ်သည်..သူထင်တာပြောရရင်.. အဓိက တရားခံတွေဖြစ်သည့် သူတို့ရဲ့ အချစ်ဆုံးသူငယ်ချင်းတွေလက်ချက်က အများဆုံးပါမည် ထင်သည် .. အမှန်အတိုင်းပြောရရင် သူလည်း မျက်နှာပူပါသည်.. BaekHyun ဆိုရင်တော့ ပြောစရာမလိုအောင်ပင်.. သူကိုယ်ချင်းစာပေးလို့ရပါသည်.. ဒါပေမဲ့ သူတောင် မျက်နှာချင်းဆိုင်ရဲသေးတာပဲကို BaekHyun က ဘာကြောင့်သူ့ကို မျက်နှာချင်းမဆိုင်ရသလဲ..
ထိုနေ့က သူလွန်သွားတာကိုလည်း ဝန်ခံပါသည်.. ဘယ်လိုဖြစ်မှန်းမသိ.. BaekHyun နှုတ်ခမ်းက သူ့နှုတ်ခမ်းနဲ့လာထိချိန်မှာ တကိုယ်လုံး အကြောတွေထောင်သွားသလို..ဆံပင်တွေပင်ထောင်သွားသလားမသိ.. အစကအဲ့လောက်ထိ ထင်မထား မျှော်လင့်မထားခဲ့ပေမဲ့.. ထင်ထားတာနဲ့တခြားစီ ဖြစ်လာတဲ့ခံစားချက်ကြီးကြောင့် သူ ထိုနှုတ်ခမ်းပိစိလေးအား အနိုင်ကျင့်ခဲ့မိပြန်သည်လေ..
Flashbacks <<
သူတို့ ၂ယောက် မျက်နှာချင်းဆိုင်ချထားသည့် ပြိုင်ပွဲဝင်ရမယ့်ခုံလေးမှာ ဝင်ထိုင်လိုက်ကြသည်.. ဘေးကစားပွဲပေါ်တွင်တော့ lipstick အချောင်းလေးတွေကို အရသာအလိုက်နာမည်ရေးပြီးချထားတာကို တွေ့ရသည်.. တဆက်ထဲမှာပင် သူ့ကို မျက်စောင်းတွေထိုးနေသည့် Byun BaekHyun ရဲ့ မျက်ဝန်းလှလှတွေကိုပါ တွေ့လိုက်ရတော့.. သူမသိချင်ယောင်ဆောင်ကာ ရယ်ပြရင်း မျက်စိပါမှိတ်ပြလိုက်တော့သည်..
YOU ARE READING
Challenge Accepted!! (2017)
Fanfictionအပြိုင်အဆိုင်များသောကောင်လေး ၂ယောက် .. အချစ်ကိုပြိုင်ပွဲတစ်ခုလိုသဘောထားကာ ပြိုင်ဆိုင်လာသောအခါ.. အပြိုင်အဆိုင်များသောကောင်လေး ၂ယောက် .. အချစ်ကိုပြိုင်ပွဲတစ်ခုလိုသဘောထားကာ ပြိုင်ဆိုင်လာသောအခါ.. [ Zawgyi + Unicode ]