Challenge Accepted!! - 30

3.9K 470 19
                                    


" Byun BaekHyun ssi.. ​ကျောင်းအုပ်​က​ခေါ်ခိုင်းလိုက်​ပါတယ်​ "

အတန်း​ရှေ့မှ​ကျောင်းသားတစ်​​ယောက်​၏အသံကျယ်​ကျယ်​ထွက်​လာ​တော့ တစ်​ခန်းလုံး BaekHyun အားလှည့်​ကြည့်​စပ်​စုကြသည်​.. KyungSoo တို့ပင်​ ရုတ်​တရက်​​ကြောင်​​တောင်​​တောင်​ပုံဖြစ်​သွားပြီး သူ့ကို​မေးဆတ်​ကာ​မေးခွန်းထုတ်​သည်​..

BaekHyun ထင်​တာ​တော့ ဟိုအရူးမနဲ့ပတ်​သတ်​​နေသည့်​ကိစ္စပဲဖြစ်​မည်​.. သို့​သော်​သူမ​သေချာတာ​ကြောင့်​ ပခုံးကိုအသာတွန့်​ပြရင်း

" မသိဘူး​လေ "

" ငါတို့လည်းလိုက်​ခဲ့မယ်​.."

" ဘာလိုက်​လုပ်​မှာလဲမင်းတို့က .. ငါ့ကိုပဲ​ခေါ်တာ​လေ "

" တစ်​ခုခုဆိုဖုန်းဆက်​​နော်​ "

" ​အေးပါ "

BaekHyun ထွက်​လာခဲ့သည်​.. အခန်းအပြင်​​ရောက်​​တော့ သူ့လိုပင်​တစ်​ဖက်​အခန်းမှလူတစ်​​ယောက်​ထွက်​လာ​လေသည်​.. Park ChanYeol..

ChanYeol လည်း BaekHyun ကိုမြင်​​တော့ခဏရပ်​​စောင့်​သည်​.. BaekHyun သူ့အနား​ရောက်​လာမှ..

" မင်းကိုလည်း​ခေါ်တာလား?"

အရင်​စကားစလိုက်​သည်​..

" အင်း "

" ဒါဆိုဟိုအရူးမကိစ္စပဲ​နေမှာ .. ဘယ်​လိုဖြစ်​သွားပြီလဲမသိဘူး .. "

BaekHyun နဲ့သူမ​နေ့ညကစကားအ​ခြေအတင်​ဖြစ်​ခဲ့​သော်​လည်း သူ့ဘက်​ကပဲစိတ်​​လျှော့လိုက်​သည်​.. BaekHyun ဆိုတာ သူဘာ​ပြော​ပြောအရွဲ့တိုက်​မည့်​လူစားဆိုတာသိ​နေတာ​ကြောင့်​ လုပ်​စရာရှိတာကိုကိုယ့်​ဘာသာပဲလုပ်​​တော့မည်​ .. BaekHyun နဲ့​ဆွေး​နွေးမ​နေ​တော့​ပေ.. BaekHyun ဘာ​ကြောင့်​ဒီလိုအ​နှောင့်​ယှက်​​ပေးတာခံရသလဲဆိုတာ သူ့နည်းနဲ့သူစုံစမ်း​တော့မည်​လို့ဆုံးဖြတ်​ထားသည်​..

ကျောင်းအုပ်​ရုံးခန်း​ရောက်​​သော်​ အထဲတွင်​လူနည်းနည်းများသည်​.. ​ကျောင်းအုပ်​နဲ့မျက်​နှာချင်းဆိုင်​တွင်​ထိုင်​​နေသူမှာ BaekHyun အား​သေ​ကြောင့်​ကြံသည့်​အရူးမထိုင်​​နေသည်​.. သူမရဲ့​ဘေးတွင်​​တော့ အသက်​ကြီးကြီး​ယောက်ျားတစ်​ဦးနဲ့မိန်းမတစ်​ဦးထိုင်​​နေသည်​.. ကြည့်​လိုက်​ရုံနဲ့အရှိန်​အဝါ​တွေထင်​ဟပ်​​နေ​သော်​လည်း မျက်​နှာထားတို့မှာညှိုးငယ်​​နေသည်​.. စိုးရိမ်​ပူပန်​မှု​တွေပြည့်​​နေသ​ယောင်​..

Challenge Accepted!! (2017)Wo Geschichten leben. Entdecke jetzt