နေ့လည် lunch time ဆင်းတော့ ChanYeol အမြန်ပဲ BaekHyun အတန်းဆီပြေးသွားမိသည်.. သူပေးခဲ့တဲ့ဆန်ပြုတ်ကိုကုန်အောင်စားပါ့မလား.. အခုနေ့လည်စာအတွက်လည်း BaekHyun နဲ့အဆင်ပြေမယ့်ဟာကို သူစဉ်းစားခဲ့ရသည်.. ကန်တင်းကထမင်းနဲ့ဟင်းကအဆင်ပြေပေမယ့်လည်း သူမသိလိုက်ခင် BaekHyun လျှောက်စားပစ်မှာစိုးသည်.." BaekHyun ah! "
အခန်းထဲကထွက်လာသည့် BaekHyun တို့ကိုမြင်တော့ သူအော်ခေါ်ပြီးအပြေးသွားရပြန်သည်..
" ဒီလောက်နီးကပ်နေတာကို ဘာလို့သေအောင်အော်နေတာလဲ?"
နားကိုအုပ်ပြီးသူ့အားရန်တွေ့လိုက်သည့် BaekHyun.. သူရယ်သာရယ်နေရင်း မေးလိုက်သည်..
" မင်းမနက်ကဆန်ပြုတ်ကုန်ပြီလား.. "
" ကုန်ပြီ "
BaekHyun ကသူ့ကိုမကြည့်ပဲပြန်ဖြေသည်.. သူကျေနပ်သွားသည်..
" နှစ်ဆင့်လုံး?"
" ဟုတ်ပါတယ်ဆို "
ဆူဆောင့်ပြီးပြန်ဖြေပုံထောက်ရင်.. မကြာခင်သူအအော်ခံရနိုင်ကိန်းရှိသည်..
" ဟားဟား.. မင်းလိမ္မာသားပဲ.. ပြောတော့ မစားဘူးဆို "
သူမခံချင်အောင်စလိုက်တော့ မျက်စောင်းတစ်ခုပြန်ရသည်.. ဒီလောက်ပါပဲ.. ခါတိုင်းလိုပြန်ခံပက်ပြီးရန်စွာနေတာမျိုး မတွေ့ရ.. BaekHyun ဒီနေ့တကယ်ထူးဆန်းနေသည်..
" ကန်တင်းသွားမှာမလား.. လာ.. အတူတူသွားမယ်.. "
ဘေးက KyungSoo တို့ကိုလည်းဂရုမစိုက်တော့ပဲ BaekHyun လက်ကိုဆွဲကာသွားဖို့ပြင်တော့
" ya ya.. မင်းတို့ပဲရှိတာမဟုတ်ဘူးနော်.. ငါတို့ကိုလည်းနည်းနည်း အဖက်လုပ်ပါဦး "
KyungSoo စကားကြောင့် ChanYeol လှည့်ကြည့်ကာမချိုမချဉ်ပြုံးပြလိုက်ပြီး..
" မင်းတို့ဘဲတွေလာလိမ့်မယ် စောင့်နေပေါ့.. BaekHyun ကလူမမာ.. သူ့ကိုဂရုစိုက်ရမယ့်တာဝန် ငါ့မှာရှိတယ်.. ok? "
YOU ARE READING
Challenge Accepted!! (2017)
Fanfictionအပြိုင်အဆိုင်များသောကောင်လေး ၂ယောက် .. အချစ်ကိုပြိုင်ပွဲတစ်ခုလိုသဘောထားကာ ပြိုင်ဆိုင်လာသောအခါ.. အပြိုင်အဆိုင်များသောကောင်လေး ၂ယောက် .. အချစ်ကိုပြိုင်ပွဲတစ်ခုလိုသဘောထားကာ ပြိုင်ဆိုင်လာသောအခါ.. [ Zawgyi + Unicode ]