ChanYeol အိမ်ရောက်ရောက်ချင်း ဧည့်ခန်းမှဆီးကြိုနေသူများကြောင့် တအံတဩဖြစ်ရသည်.. သူ့ကိုပြောမယ့်အကြောင်းအရာဟာ ဘယ်လောက်များအရေးကြီးလို့ပါလိမ့်.." သား.. ChanYeol.. လာ..ထိုင် "
သူ့ကိုမြင်မြင်ချင်း Omma ကခေါ်သည်.. မျက်နှာမှာပြုံးလို့.. Appa သည်လည်းမျက်နှာပြုံးနေသည်..
မိသားစုထိုင်တဲ့ခုံရဲ့ထိပ်ဆုံးမှာ Appa ကထိုင်နေသည်.. သူကတော့ omma နဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်သည်..
" Omma တို့ဘာပြောမလို့လဲ? "
" သားတို့မင်္ဂလာကိစ္စအတွက် ပြောမလို့ပါ.. သား Appa နဲ့အခုပဲတိုင်ပင်နေတာ.. "
ပြုံးရွှင်စွာပြောလာသည့် Omma ၏စကားများကို ရုတ်တရက်သူနားမလည်.. ဘယ်ကမင်္ဂလာကိစ္စလဲ..
"ဘယ်မင်္ဂလာကိစ္စလဲ? "
" သားနဲ့ BaekBaek လေးတို့မင်္ဂလာကိစ္စပေါ့ .. ခုနကပဲ BaekBaek Omma ကဖုန်းဆက်လာတယ်.. သားတို့ကိစ္စကို BaekHyun လေးကခေါင်းညိတ်လိုက်ပြီတဲ့.. စောစောထဲကလူကြီးတွေကို ပြောပြလိုက်ရင် ပြီးနေ..."
" နေ..နေပါဦး Omma ရဲ့.. သားနားမလည်တော့ဘူး.. BaekHyun နဲ့သားကဘယ်လို..ဘာကိစ္စ .. အာ... omma တို့လွဲကုန်မယ်နော်.. "
သူနားမလည်.. ညနေကပဲ BaekHyun သူ့ကိုအကြီးအကျယ်ဒေါသထွက်သွားခဲ့တာမဟုတ်လား.. အခုတော့ဘယ်ကမင်္ဂလာကိစ္စကို ဘာကြောင့် BaekHyun ကခေါင်းညိတ်လက်ခံရသည်လဲ?
" ဘာကိုလွဲရမှာလဲ? မလွဲပါဘူး.. သားနဲ့ BaekHyun လေးနဲ့ကိုအရင်ကတည်းက အဆင်ပြေစေချင်တာ omma တို့ဆန္ဒပဲ.. နောက်ပြီး မင်းတို့သာသံယောဇဉ်ရှိပြီး ချစ်ကြိုက်သွားခဲ့ရင်လည်း မကန့်ကွက်ပဲသဘောတူဖို့ omma တို့လူကြီးတွေအကုန်စီစဉ်ထားပြီးသား.. အခုသားတို့အဆင်ပြေသွားပြီမလား? BaekHyun လေးကိုယ်တိုင်ကခေါင်းညိတ်လက်ခံတာဆိုတော့ အဆင်ပြေသွားလို့ပေါ့.. "
လူကြီးတွေရဲ့သဘောထားက ဒီလိုရှိခဲ့တယ်ဆိုတာ သူဘာလို့မရိပ်မိခဲ့ရတာလဲ? BaekHyun ကရောဘာကြောင့် ထူးထူးဆန်းဆန်းသဘောတူခေါင့်ညိတ်ရတာလဲ? သူနဲ့ယူရမယ်ဆိုတာမသိလို့လား.. ဒါမှမဟုတ် .. သိသိရက်နဲ့များ သူ့ကိုအနိုင်ယူချင်လို့လား..
YOU ARE READING
Challenge Accepted!! (2017)
Fanfictionအပြိုင်အဆိုင်များသောကောင်လေး ၂ယောက် .. အချစ်ကိုပြိုင်ပွဲတစ်ခုလိုသဘောထားကာ ပြိုင်ဆိုင်လာသောအခါ.. အပြိုင်အဆိုင်များသောကောင်လေး ၂ယောက် .. အချစ်ကိုပြိုင်ပွဲတစ်ခုလိုသဘောထားကာ ပြိုင်ဆိုင်လာသောအခါ.. [ Zawgyi + Unicode ]