BaekHyun အိမ်သို့ပြန်ရောက်သော် သူ့ပစ္စည်းသေတ္တာအထုပ်အပိုးများအား သယ်သူသယ် ချသူချနှင့် အဒေါ်ကြီးကနေရာစီမံပေးနေသည်.. ထို့ကြောင့်မို့ BaekHyun လည်းဘာမှဝင်မပြောတော့ပဲ အေးရာအေးကြောင်းခြံထဲမှဒန်းလေးပေါ်တွင် သွားထိုင်နေလိုက်သည်..သူ့အမေကိုစိတ်တိုတာရော Park ChanYeol အားဒေါသထွက်တာရယ်ကြောင့် BaekHyun မျက်နှာမှာဆူပုတ်နေမှာအမှန်ပင်.. မမှီ့တမှီခြေထောက်တို့နဲ့ အရှိန်ယူကာဒန်းကိုလွှဲရင်း အတွေးတို့ကလည်း ရောက်တတ်ရာရာ..
ခဏအကြာမှာအိမ်ထဲမှအလုပ်သမားများပြန်ထွက်လာကြသည်.. နေရာချပြီးသွားပြီထင်ပါရဲ့.. အဲ့ဒါဆိုသူလည်းအခန်းထဲဝင်နားလို့ရပြီလေ..အလုပ်သမားတွေအနောက်ကနေလိုက်ပါလာသည့် အဒေါ်ကြီးကသူ့အားမြင်တော့..
" BaekHyunee ပြန်ရောက်နေပြီလား.. အိမ်ထဲကိုမဝင်ပဲနဲ့ အပြင်မှာနေပူကပူနဲ့ "
ထမင်းစားပြီးမှပြန်လာမည်ဟု ကြွေးကြော်သွားခဲ့တာမို့ သူချက်ချင်းပြန်လာမည်ဟု အဒေါ်ကြီးထင်ထားပုံမရ..
" အိမ်ထဲမှာအလုပ်ရှုပ်နေကြတာမလား.. အဲ့ဒါကြောင့်မဝင်သေးတာ .. arjima ပစ္စည်းတွေနေရာချပြီးသွားပြီမလား "
BaekHyun ရိုသေစွာပဲပြုံးရင်းမေးလိုက်သည်.. အိမ်ထဲကိုလှမ်းဝင်သွားတော့ အဒေါ်ကြီးကအနောက်မှလိုက်လာသည်..
" nae.. BaekHyunee အခန်းထဲမှာသင့်တင့်သလိုနေရာတော့စီစဉ်ပေးလိုက်ပါတယ်.. အင်္ကျီတွေလည်းဘီရိုထဲအကုန်ထည့်ပေးထားတယ်.. စာအုပ်တွေလည်းသေချာစီပြီး စားပွဲခုံရဲ့စာအုပ်စင်မှာထည့်ထားတယ် ပြီးမှကိုယ့်အစီအစဉ်အတိုင်းပြန်လုပ်ပါ.. အရုပ်တွေတချို့ကိုဘီရိုထဲထည့်လိုက်တယ် တချို့ကိုတော့နေရာမဆံ့တော့လို့ ကုတင်ပေါ်ပဲတင်ထားလိုက်တယ် .. လိုအပ်တာကိုကြည့်ပြီး ခိုင်းစရာရှိရင်ပြောနော် "
Arjima တကယ်တော်တယ်ဟု သူ့စိတ်ထဲမှချီးကျူးလိုက်မိသည်..
YOU ARE READING
Challenge Accepted!! (2017)
Fanfictionအပြိုင်အဆိုင်များသောကောင်လေး ၂ယောက် .. အချစ်ကိုပြိုင်ပွဲတစ်ခုလိုသဘောထားကာ ပြိုင်ဆိုင်လာသောအခါ.. အပြိုင်အဆိုင်များသောကောင်လေး ၂ယောက် .. အချစ်ကိုပြိုင်ပွဲတစ်ခုလိုသဘောထားကာ ပြိုင်ဆိုင်လာသောအခါ.. [ Zawgyi + Unicode ]