Chapter (1)

26K 827 9
                                    


တောင်ကြီးမြို့ရဲ့ဆောင်းတွင်းက အသည်းခိုက်အောင် အေးစိမ့်နေသည်။

မြူနှင်းတွေကြောင့်
ပတ်ချာလည် ဝိုင်းနေသော တောင်တန်းကြီးကိုပင်မမြင်ရ
မြူနှင်းများ ပိန်းပိတ်နေအောင် ဖုံးလွှမ်းနေခြင်းကြောင့် အလင်းရောင်ဆိုတာ ယေးယေးမှမမြင်ရသေးပေ။

တောင်ကြီးမြို့ဆောင်းတွင်းရဲ့
အအေးဒဏ်ကိုအံတုလို့ မအေးနိုင်မချမ်းနိုင်တဲ့အပြင် အပူမီးဝိုင်းပီး တိတ်ဆိတ်စွာမျက်ရည်ကျနေတဲ့ ၁၀နှစ်သားအရွယ်ကောင်လေး
တစ်ယောက်......

"ရှင်ကရောဘာတွေများတော်နေလို့ ကျမကို စွပ်စွဲ နေရတာလဲ ရှင့်ရဲ့ဒီမဖြစ်စလောက် ပန်းချီဆရာ ရဲ့ဝင်ငွေနဲ့ မိသားစုလုံလောက်အောင် ထောက်ပံ့နိုင်လို့လား? "

"မင်းငါ့ကို ကြိုက်သလောက်ပြောလို့ရတယ် ငါ့အလုပ်ကိုတော့မစော်ကားနဲ့"

"အော်!မစော်ကားပါဘူး စော်လဲမစော်ကားရဲပါဘူး ကျေးဇူးရှင်ကြီးရယ်  ရှင့်ရဲ့ပန်းချီပညာနဲ့ရှာကျွေးတာ ကျွန်မတို့ တင့်တောင့်တင့်တယ်
နေနိုင်လွန်းလို့ ရှင့်ကိုရော ရှင့်ပန်းချီပညာကိုပါ ကျေးဇူးအရမ်းတင်တယ်သိလား"

မေမေ့ဆီမှ ခပ်ရွဲ့ရွဲ့စကားသံတွေ ဒေါသအလိုက်ကျယ်လောင်စွာ
ထွက်ပေါ်လာတော့သည်။

မိမိလူမှန်းသိတတ်စကတည်းက
ဒီအရွယ်ရောက်တဲ့အထိ ဖေဖေတို့ရန်တစ်ခါမှဖြစ်သည်
မကြား မမြင်ရခဲ့ပါ။

မေမေဆိုလဲ အမြဲတမ်းအေးဆေးနေတတ်သူ အသံအေးအေးနှင့်ပင် ဖေဖေ့ကို ပြောဆိုဆက်ဆံတာ
ခုလိုမျိုး မေမေ ဒေါသထွက်နေသောပုံရိပ်ကို စိတ်ကူးနဲ့တောင်မတွေးကြည့်မိခဲ့ အမြဲတမ်းအေးဆေး သာယာစွာနေလာခဲ့တဲ့
ဖေဖေနဲ့မေမေ အခုဘာကြောင့်များ?

!!!ခလွမ်း!!!ဒုန်း!!!

မိမိတွေးနေစဉ်မှာပဲ
အိမ်ရှေ့ခန်းထဲမှ အသံတွေကျယ်လောင်စွာရောပီး
ဖေဖေ့အသံပါ
ကပ်ရက်ထွက်လာသည်။

မြူရိပ် ဖုံးသော နှလုံးသား(Not Complete)Where stories live. Discover now