အပြင်ဘက်မှာ မိုးများသည်းထန်စွာရွာသွန်းနေ
သော်လည်း မြူးကြွတဲ့ တီးလုံးသံတွေနဲ့ မီးရောင်စုံ
တွေကြားမှမိန်းမပျိုနှင့် ယောက်ျားလေးတစ်ချို့တွေကတော့
တီးလုံးသံစဉ်တွေအလိုက်
ချွေးများပင်စို့နေအောင် ယိမ်းနွဲ့ လို့ခုန်ပေါက်ကနေကြသည်။ဘားကောင်တာတွင်တော့ ခပ်မြူးမြူး
တီးလုံးသံအလိုက် ခေါင်းလေး တစ်ဆတ်ဆတ်လွဲကာ လှုပ်ရွနေသော
bar man လေးတစ်ယောက်...
နုငယ်ပျိုရွယ်မှု နှင့်ညိုချောပြီး ရုပ်ရည်ပြေပြစ်မှုကြောင့် ဘားကောင်တာရှေ့မှာတော့
ကောင်မလေး နှစ်ယောက် တွတ်ထိုးကာ ထို bar man လေးအား မိတ်ဖွဲ့နေဟန်ရှိသည်။အလားတူး ကလပ်အတွင်းရှိ စားပွဲဝိုင်းတစ်နေရာမှ လူတစ်စုသည်လည်း ထို ဘားကောင်တာရှေ့တွင်ထိုင်နေသော
မိန်းကလေးတို့ကိုစောင့်ကြည့်နေလျက်"ညိုချောလေး နော် အဟိ"
"ညိုချောဆိုတော့ တို့တော့ငိုပြောရင်တောင်ရမယ့်ပုံ
မပေါ်ဘူး...""......"
မိန်းကလေးနှစ်ယောက်ရဲ့ အပြန်အလှန် စကားလမ်းကြောင်းနေမှုကို ထို
bar manလေးကတော့ ပြုံးနေရုံသာရှိပြီး စကားအနည်းငယ်မျှပြန်မပြောပဲ
သူလုပ်စရာရှိသည်များကို ပုံမှန်လေး
သာလုပ်နေခဲ့သည်။"ညီမလေးတို့ ကိုကြီး လဲ မိတ်ဖွဲ့ချင်လို့ရမလား...ဟင်းဟင်း"
အချိန်အတော်ကြာသူတို့် ရှိရာကို အကဲခတ်နေသော ဝိုင်းမှ အသက် ခပ်လတ်ပိုင်းလောက် ပါးသိုင်းမွှေးနှင့်
လူတစ်ယောက် အတော်လေး မူးနေပုံရနေသည် လမ်းလျှောက်လာပုံမှာ
ယိုင်တိုင်တိုင်နှင့်ဖြစ်နေပြီး လက်ထဲမှာတော့ ဘီယာပုလင်းလိုက်ကိုကိုင်ကာ သူတို့ရှိရာသို့ရောက်လာ၍
ပြောလိုက်ခြင်းဖြစ်သည်။"ဆောရီး နော်အကိုကြီး ညီမတို့သွားလိုက်ပါဦးမယ်"
မိန်းကလေးနှစ်ယောက်က ထိုသူကို
တမင်ပင်ရှောင်ထွက်လာချင်သော
ကြောင့် စကားလှအောင် ပြော၍
ထိုနေရာမှ ထွက်ခွာသွားသည်။မိန်းကလေးတွေထွက်သွားမှ ထိုသူသည် စိတ်ကျေနပ်သွားဟန်ဖြင့်
bar manလေးရဲ့ ရှေ့တည့်တည့်တွင်ထိုင်လိုက်ကာ...
ESTÁS LEYENDO
မြူရိပ် ဖုံးသော နှလုံးသား(Not Complete)
Ficción General"မင်းကိုချစ်နေလို့ ငါနာကျင်ရမယ်ဆိုရင် အဲ့ဒီနာကျင်မှုကိုပဲ ငါတစ် သက် လုံး ဖက်တွယ် သွားပါရစေ" #နေဝန်းနီ# "အချစ်ငတ်ခဲ့တဲ့သူ တစ်ယောက်အနေနဲ့ အချစ်ကိုလိုလားတောင့်တနေတာအမှန်ပဲ ဒါပေမယ့် လိုလားစွာပေးလာတဲ့မင်းအချစ်ကို လက်ခံဖို့ ငါ့မှာသတ္တိမရှိခဲ့ဘူး" ...