Chapter (32)

2.5K 190 17
                                    


အချိန်တွေ ကြာခဲ့သည်နှင့်အမျှ
ပိုင်ရှင်မဲ့နေသော အိမ်လေး ကတော့
သစ်ပင် ခြုံနွယ်များ ခိုတက်ကာ
ခပ်အုပ်အုပ် အနေထားပင်ရှိနေခဲ့ပြီ။

အိမ်ရှေ့ တံခါးကြီးမှ သံချေး
တက်နေသော သော့ ခလောက်ကြီးကလဲ အထီးကျန်စွာဖြင့် ကြိုဆိုနေသယောင်
အရင်တစ်ချိန်က မြေကွက်လပ်တွေနေရာမှာ စားပင်
သီးပင်များ ရှိလင့်ကစား
ယခုအချိန်မှာတော့ မြက်ကြမ်း၊မြက်နုများ နေရာမလပ်အောင်ပင်
ပေါက်ရောက်နေခဲ့ပြီ။

နောက်ဆုံးအချိန် ဤအိမ်မှ ထွက်ခွာသွားကတည်းက တစ်ကြိမ်မျှပင်
သူမ ပြန်လှည့်မကြည့်ဖြစ်ခဲ့။

သားလေးသာရှိနေသေးခဲ့ရင်ဆိုသော
အသိနှင့်  သူမ ရောက်လာခဲ့သော်လည်း
သားလေးကို မတွေ့ တော့သည့်နောက်ပိုင်း သားရဲ့အငွေ့အသက်တွေ ပြည့်နှက်နေတဲ့ ဤအိမ် ဤခြံဝန်းထဲကို ခြေချမိသည်မှာ
သူမအတွက် အင်မတန် အပြစ်မကင်း
စွာ ခံစားနေခဲ့ရသည်။
သားတစ်ချိန် ဤအိမ်လေးသို့ ပြန်လာမည်ကို သူမယုံကြည်သည်။
ပြန်လဲ ပြန်လာပါလိမ့်မည်။

ဘာကြောင့်လဲဆိုတော့ သားအတွက်
မိဘနှစ်ယောက်မှ ချုပ်ဆိုပေးထားသော စာချုပ်ကြောင့်ပင်။ ထိုအတောအတွင်း သားလေးအဆင်ပြေပါ့လား...?
သားလေး ရဲ့ နေရာ ကိုသိသွားခဲ့သော်လည်း အမြဲတမ်းနောက်ကျခဲ့တဲ့ အမေမျိုးကို
ခွင့်မလွှတ်ပါနဲ့....သားအတွက် တာဝန်မကျေခဲ့တဲ့ အမေအတွက်
သားမျက်နှာကို မြင်ခဲ့ရင်တောင်
သူမ ရင်ခွင် ထဲထည့်ပြီးသားလို့တောင်
မခေါ်ဝံ့ လောက်အောင် သားအပေါ်မှာ
အပြစ်ရှိတယ်လို့ သူမအမြဲခံစားနေခဲ့ရသောကြောင့်ပင်။

သားကိုစွန့်လွှတ်ခဲ့မိပြီး ဘဝသစ်တစ်ခုမှာ
သူမ အပြည့်အဝ မပျော်နိုင်ခဲ့ပါ
သူယုံကြည်အားကိုးလွန်းခဲ့သော
သူဟာလဲ သူမကို လိမ်ညာဖုံးကွယ်ကာ
သားလေး နှင့် ဝေးအောင်
လုပ်ခဲ့သည်။ သူမ ယုံကြည်ခဲ့သောသူကိုယ်တိုင်က
သူမ အပေါ် လှည့်စားခဲ့သည် ဆိုတာသိခဲ့လည်း သူမအနေနှင့်နောက်ဆုတ်လို့မဖြစ်နိုင်
တော့ပါ။ သူမ ဝဋ်ကြွေးဆပ်နေသည်ဟုပဲ
စိတ်ဖြေ၍သာ သား လေးကို တိတ်တဆိတ် ရှာဖွေနေမိသည်။
စိတ်တွေမွန်းကြပ်တိုင်း သားကိုသတိရတဲ့အချိန်တိုင်း
ဤနေရာလေးသို့ သူမတိတ်တဆိတ် လာရောက်တတ်ခဲ့သည်။ ခပ်လှမ်းလှမ်း ကနေသာကြည့်ပြီး သူမအပြစ်တွေအတွက် ငိုကြွေးရင်းနဲ့ပေါ့.........

မြူရိပ် ဖုံးသော နှလုံးသား(Not Complete)Where stories live. Discover now