Chapter(22)

3.3K 231 30
                                    


တောင်ကြီးမှစထွက်လာတုန်းက
စောသလောက် လမ်းမှာပင်အချိန်တော်တော်ကုန်သွားခဲ့သည်။
သူ့ရဲ့ လက်စွဲတော် Honda fit
အနက်ရောင် ကားကြီးမှာ
တောင်ကြီးမှ မန္တလေး သို့ အရှိန်အဟုန်နှင့်ပြေးလွှားနေလျက်
အချိန်တွေ တရိပ်ရိပ်ကုန်ဆုံးလာကာ
မန္တလေးမြို့ထဲသို့ရောက်သွားခဲ့တော့သည်။
အမြန်လမ်းမကြီးပေါ်မှကျော်ဖြတ်ကာရှုပ်ပွေလီနေသောဈေးတန်းကြီးထဲသို့သူ၏ကားလေးချိုးကွေ့ဝင်သွားသည်။ဈေးလမ်းမကြီးဖြစ်သောကြောင့်
တရွေ့ရွေ့နှင့်ကျော်ဖြတ်မောင်းနေရ
သည်ကို စိတ်မရှည်စွာနှင့်
သူ၏ အတွင်းရေမှူး ကျော်နိုင်အား

"ဒီနေ့အဲ့နေရာကိုရောက်ပါအုံးမလား
ကျော်နိုင် နည်းနည်းပါးပါး ဟွန်းတီးပြီးဖယ်ခိုင်းလိုက်ကွာ
လူတွေကလဲ လမ်းမကြီးပေါ်ရောက်ကုန်ပြီ
ဒီပုံမျိုးနဲ့ ကားကဘယ်လိုသွားရမလဲ
ကျွတ်စ့်''

"ရှေ့နားဆိုရောက်ပါ တော့မယ်Boss
ဒီနေရာ က ဒီလိုပဲ ဈေးလမ်းဆိုတော့
ပြီးတော့ Bossရှာခိုင်းတဲ့သူကလဲ
ချောင်ကျိုချောင်ကြား မှာ နေလို့
ကျနော်တို့တော်တော်နဲ့
ရှာမတွေ့တာပါ"

"မင်း ရှာတွေ့တာသေချာပါတယ်နော်
အရင်လို ငါအချိန်ကုန်မခံနိုင်ဘူး"

"သေချာပါတယ် Bossဒီတစ်ခါ
ကျနော်မျက်စိနဲ့ကိုယ်တိုင်မြင်လာတာ
အရင် က ကျနော့်လက်ထောက်ကြောင့် မသေချာတာပါ"

"အေး မြန်မြန်သာဒီကနေကျော်အောင်
မောင်းကွာ ငါစိတ်မရှည်တော့ဘူး"

ဦးနေဝန်း မှာ မန္တလေးရဲ့ နွေအပူရှိန်နှင့်
ရှုပ်ထွေးလွန်းသောဈေးလမ်းမကြား
ရောက်နေသဖြင့် သရွေ့ရွေ့သာသွားနေရသည့်ကားကို
ကြည့်ပြီး ချွေးများပြန်ကာ စိတ်ကပို၍ပင်တိုလာနေသည်။
အသက်အရွယ်ကစကားပြောလာ
သည်နှင့်တူသည် သူအရင်တုန်းကလို
စိတ်ရှည်ရှည်မထားတတ်တော့ပါ။
ယခု ကိစ္စ ကြောင့်နှင့်လဲ သူ့စိတ်ကိုပို၍
တိုစေလိမ့်မည်။
သူ့ရဲ့ ဇနီး ဒေါ်နန်းခမ်း ၏ သားဖြစ်သူကိုရှာဖွေပေးရန်
သူကိုယ်တိုင် ကတိအထပ်ထပ်ပေးခဲ့သည်လေ
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က သူအားစိုက်ကာရှာဖွေခဲ့သော်လည်း
ဦးထွန်းလူ ဆိုသူနှင့် သူခေါ်သွားသော
ကလေးကို အစနပင်စုံစမ်းလို့မရခဲ့ပေ။

မြူရိပ် ဖုံးသော နှလုံးသား(Not Complete)Tahanan ng mga kuwento. Tumuklas ngayon