***ရန်ကုန်မြို့ ***ဆိုက်က္ကားများ၊စက်ဘီးများ၊ လူများနှင့် ရှုပ်ယှက်ခတ်နေသော
ဈေး လဲမကျ တဲ့ လမ်းဘေးဈေးတန်းဆိုင်များ စီတန်းနေသော နေရာမှ အမြန်ဆုံး
တိုးထွက်နိုင်အောင် ကျွန်တော်တိုးဝှေ့ ကွေ့ရှောင်ကာ မပြေးရုံတမယ် ကျွန်တော့် ခြေလှမ်း များ ခပ်သွက်သွက် နှင့် လျှောက်လှမ်းနေမိသည်။ဒီလို နံနက်ခင်းမျိုး၊ ဒီလိုပုံစံမျိုး
ဒီလို ပရုတ်သုတ်ခ ကျလှတဲ့ ပုံစံမျိုး
နှင့် မနက်တိုင်း ကို ကျွန်တော်ဖြတ်သန်းလာခဲ့သည်မှာ
၂ နှစ်နီးပါးခန့် ရှိခဲ့လေပြီ။
ယခု ကျွန်တော့် အသက် 18 ပြည့်ပြီးပြီ။ ရန်ကုန်မှာ အသိမိတ်ဆွေ၊
ဆွေမျိုးရင်းချာ မရှိသော ကျွန်တော့်အဖို့ နေရေး၊စားရေး အတွက် အင်မတန် ခက်ခဲလိမ့်မည်။
ဒါတင် မကသေး အလုပ်အကိုင် တွေလဲ ကျွန်တော့်အတွက် ခက်ခဲရှားပါးလွန်းလှသည်။ကံကောင်းတာကတော့ ဆရာကြီး(ထွဋ်မြတ်လူရဲ့ သိုင်းဆရာ) ရဲ့ အကူညီနဲ့ သူ့အသိ ရှိသော ရပ်ကွက်လေးမှာ အိမ်ခန်းတစ်ခန်း ကိုကျွန်တော့်အတွက်ငှါးပေးခဲ့သည်။
တန်းယား ပုံစံ အိမ်ခန်း ငယ်များဖြင့်
ဖွဲ့စည်းထားကာ အိမ်ငှါးသဘောမျိုးဖြင့် ငှါးရမ်းထားသည့်ပိုင်ရှင်မှာ ဆရာကြီး၏ ငယ်ရည်းစားဟု
ကိုထွဋ် ပြောပြထားသည်။ဒါကြောင့်လဲ အိမ်ငှါးအဒေါ်မှာ
မိမိက ဆရာကြီးရဲ့ တူလို့ပြောလိုက်သည်နှင့် မိမိအတွက် ဟင်းကအစမကြာမကြာလာရောက်ပို့ပေးတတ်သည်။
ဒါတင်မကသေး သူ့ရဲ့သမီးဖြစ်သူကိုလဲ
ကျွန်တော့်ဆီသို့
အကြောင်းပြချက်အမျိုးမျိုး နဲ့လွှတ်တတ်သည်။ဥပမာ....
''ကိုစိုင်း အတွက် မေမေက ဟင်းပို့ခိုင်းလိုက်လို့ပါ...*အိမ်မှာ မုန့်လုပ်လို့ ကိုစိုင်းအတွက်...
မိုးရာသီဆိုရင်လဲ.....
*ကိုစိုင်းအတွက် အမေက ထီးပေးခိုင်းလို့ပါ...စသဖြင့်ပေါ့
ကျွန်တော် ဘယ်လောက်ပင် အားနာ၍ ငြင်းငြင်း အတင်းကို ဇွတ်ပေးတတ်ကြသည်။ သူတို့သားအမိကြောင့် ဘေးအခန်းကလူတွေက အတင်းပြောစရာပေါ့...
အဲ့လိုအတင်းပြောလို့ သူတို့ သားအမိကြားရင် ဘာဖြစ်တယ်ထင်ပါသလဲ?
ရပ်ကွက်ရုံးရောက်တဲ့အထိကို
နောင်ဂျိန်တွေချကြတော့တာပါ
ဒါကြောင့် ရပ်ကွက်ထဲ သူတို့သားအမိကိုအော်ကြောလန်ပါပဲ
အိမ်ငှါးလဲတင်၊ ငွေတိုးချေးစား၊
ပစ္စည်းအပေါင်ပါခံသော သူတို့သားအမိ အတွက်ကတော့
ပိုက်ဆံဆိုတာအမြဲပိုလျှံနေလိမ့်မည်။
အိမ်ငှါးအဒေါ်ရဲ့ သမီးဟာ ကျွန်တော့်ထက် ၃နှစ်ငယ်သည်
ယခုတက္ကသိုလ်ဝင်တန်းပင်တက်
ရောက်နေပြီ။ ထို့ကြောင့်နားမလည်သောစာများကို
မိမိအားလာရောက်ရှင်းပြခိုင်းနေတော့သည်။ မရှင်းပြတတ်ဘူးဆိုတော့လဲ မရပေ။ တကယ်ပါကျွန်တော် စာတော်သည့်ကျောင်းသားလဲမဟုတ်
တက္ကသိုလ်ဝင်တန်းကို လဲ တစ်နှစ်အောက်၍ နောက်တစ်နှစ်ပြန်ဖြေရသည့်တိုင်
ယခုချိန် သင်ခန်းစာ အချို့ကိုမှတ်မိလား မေးရင် ကျွန်တော်တကယ်ဘာမှမှတ်မိမှာ
မဟုတ်ပေ။
လွန်ခဲ့သော နှစ်အချို့ က ထိခိုက်ဒဏ်ရာကြောင့် ကျွန်တော့်
ခေါင်းဟာ မကြာခဏကိုက်တတ်သလို
အသေးမွှား ကိစ္စ လေးတွေ လဲ
ကျွန်တော် ခဏခဏ မေ့နေတတ်ခဲ့သည်။ ထိုအချိန်က
ဦးခေါင်းအပြင်ဘက်တွင် သာ ဒဏ်ရာရသောကြောင့်စိုးရိမ်ဖွယ်
မရှိဘူးလို့ ဆေးစစ်ချက်ထွက်လာခဲ့ပါတယ်
ဒါကြောင့် ကျွန်တော် ကပဲမေ့တတ်လို့ပဲနေမှာပါ လို့ ကိုယ့်ကိုကိုယ် သတ်မှတ်လိုက်တယ်
ကျွန်တော် စိတ်ဖိစီးမှုများရင် ခေါင်းကိုက်တတ်တာကိုတော့
မိမိကလွဲ မည်သူမှမသိပေ။
YOU ARE READING
မြူရိပ် ဖုံးသော နှလုံးသား(Not Complete)
General Fiction"မင်းကိုချစ်နေလို့ ငါနာကျင်ရမယ်ဆိုရင် အဲ့ဒီနာကျင်မှုကိုပဲ ငါတစ် သက် လုံး ဖက်တွယ် သွားပါရစေ" #နေဝန်းနီ# "အချစ်ငတ်ခဲ့တဲ့သူ တစ်ယောက်အနေနဲ့ အချစ်ကိုလိုလားတောင့်တနေတာအမှန်ပဲ ဒါပေမယ့် လိုလားစွာပေးလာတဲ့မင်းအချစ်ကို လက်ခံဖို့ ငါ့မှာသတ္တိမရှိခဲ့ဘူး" ...