***မှောင်ခိုနယ်မြေလို့ပင်
ခေါ်သည့် တရုတ်တန်း***ထိုနေရာသို့ ကျောက်ကုန်သည်ပွဲစားများ၊
သူဌေးများ၊နိုင်ငံရပ်ခြားက
ကုန်သွယ်ရေးသမားများ၊
တရုတ်ဂိုဏ်း များ စသဖြင့်
လာရောက်အပန်းဖြေသော
နေရာဖြစ်သည်။ထိုနေရာတွင်လောင်းကစားနည်း
မျိုးစုံရှိသည့်အနက်
တရုတ်ကစားနည်း မာကျောက်
ဘိုကာဖဲ၊ ဂျင်ဝိုင်း တို့ကတော့
လူအများဆုံးကစားရာနေရာ
ဖြစ်သည်။ထို့အပြင် beer bar များနှင့်တွဲလျက်
တရုတ်မလေးများ၏
ကပြဖျော်မှုတွေကလဲရှိသည်။
လာရောက်အပန်းဖြေသော
သူများအတွက် အပျော်မယ်တွေလဲရှိလေသည်။
ဒါပေမယ့် စည်းပျက်ကမ်းပျက်တော့
မဟုတ်ပေ။ ပြသနာတခုခုဖြစ်ခဲ့လျှင်တောင်မှ
ထိုနေရာကိုအုပ်ချုပ်သော
ကျင်းဂိုဏ်းရဲ့ ဆုံးဖြတ်ချက်အတိုင်းပင်။ကျင်းဂိုဏ်း၏ခေါင်းဆောင်မှာ
ကျင်းခုန်း၏အဖေ
'ကျင်းဝမ်ဟုန်'ဖြစ်သည်။ ကျင်းမျိုးဆက်ဖြစ်ပြီး သား ၃ယောက်ရှိသည့်အနက်
ယခုဆိုကျင်းခုန်းတစ်ယောက်သာ
ကျန်တော့သည်။
အကြီးဆုံးသားကတော့ မှောင်ခိုလုပ်ရင်း ရဲတွေရဲ့
ဖမ်းဆီးခြင်းခံလိုက်ရသည်။ဒုတိယမြှောက်သားကတော့ မှောင်ခိုမှုဖြင့်ပင် ထွက်ပြေးတိမ်းရှောင်ရင်းအသက်ဆုံးရှုံးခဲ့ရသည်။
နောက်ဆုံး ကျင်းခုန်း သည်သာ ကျင်းဂိုဏ်းမျိုးဆက်ဖြစ်လေသော
ကြောင့် ကျင်းဝမ်ဟုန် မှာ ကျင်းခုန်း ကိုအရမ်းချစ်သည်။သီဟစိုးပြောပြသော ကျင်းဂိုဏ်း၏အကြောင်းကိုတွေးရင်း
မိမိရင်မောလှသည်။
သီဟစိုး မှာမိမိနှင့် ခုချိန်ထိအဆက်သွယ်မပြတ်ရှိခဲ့သောသူငယ်ချင်းပင် အမေတစ်ခုသားတစ်ခုဘဝဖြင့် နေလာခဲ့ရာ သူ့မိခင်၏ရောဂါအခြေအနေကြောင့် ၈တန်းနှင့်ကျောင်းထွက်ကာ ရရာအလုပ်ကိုလုပ်ကိုင်ခဲ့သည်။
နောက်တော့ ကျင်းဝမ်ဟုန်ပိုင်သော beer barတွင် စားပွဲထိုးအလုပ်ရခဲ့သည်။ တစ်နှစ်နီးပါးအဲ့မှာအလုပ်လုပ်လာ
သောသီဟစိုးမှာ
ကျင်းဂိုဏ်းအကြောင်းသိတာ
မဆန်းကြယ်ပေ။ထိုကြောင့်ထိုနေရာနှင့်မိမိ
မပတ်သက်ချင်သော်လည်း အန်တီမြတ် ရဲ့
YOU ARE READING
မြူရိပ် ဖုံးသော နှလုံးသား(Not Complete)
General Fiction"မင်းကိုချစ်နေလို့ ငါနာကျင်ရမယ်ဆိုရင် အဲ့ဒီနာကျင်မှုကိုပဲ ငါတစ် သက် လုံး ဖက်တွယ် သွားပါရစေ" #နေဝန်းနီ# "အချစ်ငတ်ခဲ့တဲ့သူ တစ်ယောက်အနေနဲ့ အချစ်ကိုလိုလားတောင့်တနေတာအမှန်ပဲ ဒါပေမယ့် လိုလားစွာပေးလာတဲ့မင်းအချစ်ကို လက်ခံဖို့ ငါ့မှာသတ္တိမရှိခဲ့ဘူး" ...