Chapter(9)

4K 327 17
                                    


နေ့တာတိုသော ဆောင်းတွင်းမှာ
အချိန်တွေကုန်မြန်တာကမဆန်းပေ။

အချိန်ဘယ်လောက်ကြာအောင်
မိမိအိပ်ပျော်ခဲ့သည်မသိ။
နေပင်အတော်စောင်းနေပြီ
မျက်လုံးကိုဖွင့်လိုက်သည်နှင့်
တိမ်ထုလေးတွေ ဟိုတစု ဒီတစုနှင့်
အပြာရောင်ကောင်းကင်ကြီးက
ဆီးကြိုလျက်
ညနေစောင်းပြီဖြစ်သဖြင့်
နေလုံးကြီးကတော့ တဖြေးဖြေးနှင့် လိမ္မော်ရောင်သန်းလာခဲ့လေသည်။
တောင်တွေနှင့်သစ်ပင်များစွာ ထူထပ်သော
မိမိနေထိုင်ရာမြို့စွန်လေးကတော့
အမှောင်တွေဖုံးဖို့အချိန်ခဏလေးပင်။

ထို့ကြောင့်လဲ မိမိမှေးခနဲ
အိပ်ပျော်ပြီးနိုးလာတဲ့အချိန်တွင် နေပင်စောင်းနေခဲ့ခြင်းဖြစ်သည်။

နေဝင်မှာကို မိမိကြောက်နေခဲ့သည်။မိမိမှာတန်ခိုးတွေသာပိုင်ဆိုင်ခဲ့ရင်
နေမဝင်အောင်ရပ်တန့်
ထားလိုက်ချင်မိသည်။
မိမိမတွေးချင်သော မခံစားချင်သော
လက်မခံနိုင်သော ဝမ်းနည်းအထီးကျန်သော ခံစားချက်တွေ များစွာရောထွေးနေလျက်.....

မလာတဲ့သူကို မျှော်ရသော
အလုပ်မှာလဲ တကယ့်ကို
ရင်မောပြီး အရူးဆန်နေခဲ့သည်။

ဒါကမိမိကံကြမ္မာဆိုလျှင် မိမိလက်ခံနိုင်အောင်ကြိုးစားရတော့
မည်။ မိမိယောက်ျား ပဲ ခံနိုင်ရည်ရှိရမည်လို့ အားတင်းလျက်
လျဲလျောင်းနေရာမှ မတ်တပ်ထရပ်လိုက်သည်။

လက်ထဲတွင်တော့ မေမေပေးထားသော ကိန္နရာ ဆွဲကြိုးလေးကို ဆုပ်ကိုင်ထားလျက်

"စိတ်ချပါ ဖေဖေ မေမေသားဆီကိုပြန်မလာခဲ့ပေမယ့်
သားကောင်းကောင်းကြီး
ရှင်သန်သွားမှာပါ
ဖေဖေ သားကိုပြောခဲ့သလို
မေမေ့ကိုသားစိတ်ထဲကနေ
ထုတ်ပစ်လိုက် ပြီ
ဒါပေမယ့် သားရဲ့နှလုံးသားထဲမှာတော့
ဖေဖေနဲ့မေမေအမြဲတမ်းရှိနေမှာပါ
မေမေမရှိပဲနဲ့ သားဘဝကိုကောင်းကောင်းကြီး
ရှင်သန်သွားပါ့မယ်လို့ဖေဖေ့ကို
ကတိပေးပါတယ် မေမေကိုလဲ ဒီလောကကြီးတနေရာရာမှာ
သက်ရှိထင်ရှားရှိနေခဲ့ရင် ပျော်ရွှင်ကျန်းမာစွာနဲ့
နေသွားနိုင်ပါစေလို့ သားနောက်ဆုံးဆုတောင်းပေး
လိုက်ပါတယ်မေမေ"

မြူရိပ် ဖုံးသော နှလုံးသား(Not Complete)Where stories live. Discover now