Chapter(40)

2.6K 170 52
                                    


အမေရိကားတွင်ဖြစ်သည်....

မစ္စတာ ဂျိန်း ဖုန်းပြောပြီး၍
ထမင်းစား စားပွဲဝိုင်းသို့ ဝင်ထိုင်လိုက်သည်။

"ဒယ်ဒီ မြန်မာ ကိုသွားရင် ဂျိန်းသော်
လိုက်ချင်တယ်"

မစ္စတာ ဂျိန်း မြန်မာ သို့် သွားရန်
တယ်လီဖုန်းဖြင့် ပြောနေသည်ကို
ကြားထားသောသားဖြစ်သူ
ဂျိန်းသော်ရိန်  သည်
မြန်မာစကားသံ ဝဲဝဲလေးဖြင့်
သူ့ဖခင် အားပြောလိုက်၏။

"Oh! ဘာကြောင့် မြန်မာကိုလိုက်ချင်တာလဲ ဂျိန်းသော်"

မစ္စတာ ဂျိန်း မှ သူ့သားအား
ဘို လိုပြန်လည်
မေးခွန်းထုတ်လိုက်သည်။

"ဝန်း ဆီသွားချင်လို့ပါ ဒယ်ဒီက အန်ကယ် နေဝန်း နဲ့ တွေ့ ဖို့သွားမှာ
မဟုတ်လား"

မစ္စဂျိန်း ခေါင်းညိတ်ပြ၍ ခဏတာ
စဉ်းစားနေစဉ်မှာပဲ အငယ်မလေး
မယ်ရီဂျိန်း မှလည်း-

"ဂျိန်းသော် သွားရင် မယ်ရီ လဲ လိုက်မှာနော်..."

ထိုသို့ ထပြောလိုက်သော မယ်ရီ ကြောင့်ဂျိန်းသော် တစ်ယောက်
စိတ်ညစ်သွားသည်။ သူတစ်ယောက်
တောင် ဒယ်ဒီက ခွင့်ပြုဖို့ တော်တော်စဉ်းစား မှာအခု မယ်ရီပါ
လိုက်မည်ဆိုသောကြောင့် ဒယ်ဒီ
ခွင့်ပြုမယ့်ပုံမပေါ်ပေ။ ဒယ်ဒီသည်
မြန်မာ နိုင်ငံမှ ကချင်တိုင်းရင်းသား
စစ်စစ်ဖြစ်သည်။ ဒယ်ဒီ ဟာ အမေရိကသူ မာမီနဲ့
အကြောင်းပါ၍ ဒီမှာပင်
အခြေ ချကာ ဂျိန်းတို့မောင်နှမ အရွယ်
ရောက်တဲ့အထိပင် ဒယ်ဒီ မြန်မာသို့
တစ်ခါမှ မပြန်ဖြစ်ခဲ့။ သို့ပေမယ့် မြန်မာက လူတွေနှင့်စီးပွားရေး လုပ်
နေသည်ဟု မာမီပြောပြလို့ သိရသည်။
မြန်မာသို့ သွားလည်ချင်သည်ဟု
ပြောလျှင် ဒယ်ဒီ ဟာ သူမပါပဲ
မသွားရဟုပြောလေ့ရှိ၏။ ယခု
ဒယ်ဒီ ကိုယ်တိုင် မြန်မာကိုသွားမည်
ဆိုသောကြောင့် ဝမ်းသာနေခဲ့ရသည်။
မြန်မာသို့သွားချင်သည့် စိတ်ဆန္ဒသည်
နေဝန်းနီ ရောက်မလာခင်တုန်းက
အထိအနည်ထိုင်နေသေးသည်။
ဝန်း ရောက်လာမှ မြန်မာပြည် အကြောင်းတွေပြောရင်းဖြင့်
မြန်မာသို့ ရောက်ဖူးချင်တဲ့စိတ်က ဂျိန်းသော်အတွက်ပိုပြင်း
ပြလာသည်။ ဝန်း ကိုလည်း
သတိရသည်။ သူ့ကိုမပြန်ပါနဲ့လို့
တားသော်လည်း သူ့မှာ အရေးကြီး
လုပ်စရာတွေရှိ ၍ ကျောင်းဖွင့်မှ
ပြန်လာမည်ဟုပြောကာ မြန်မာသို့
ပြန်သွားသည်။ ထိုကြောင့် သူ ဝန်
ကိုတွေ့ချင်သည်။

မြူရိပ် ဖုံးသော နှလုံးသား(Not Complete)Wo Geschichten leben. Entdecke jetzt