Chapter(8)

4.7K 333 14
                                    


လေးလံနေသော မျက်ခွံများကိုကြိုးစားပြီး
ဖွင့်လိုက်သည်။
နေရောင်ခြည်များက မှန်ပြတင်းပေါက်မှတစ်ဆင့် ထိုးဖောက်၍မိမိမျက်နှာပေါ်ကျ
ရောက်လာသည်။
လည်ချောင်းထဲမှာလဲ ခြောက်ကပ်လျက် အားယူပြီး
ထထိုင်လိုက်သည်။
လူကမလှုပ်ချင်ခဲ့.........

"သားဝန်းလေးနိုးပြီလား
ကြီးကြီး မျက်နှာသစ်ပေးမယ်နော်"

ဘာလဲမိမိ ဖျားနေတာလား
ဆန်ပြုတ်ပန်းကန်နှင့် ဆေးတွေထည့်လာသောဗန်းကို ကြည့်ုခြင်းအားဖြင့်မိမိဖျားနေမှန်း
သိလိုက်သည်။

မနေ့ကကျောင်းကပြန်လာတော့
အကောင်းကြီးကနေဘယ်လိုဖြစ်လို့
ဖျားရတာလဲ မိမိနားမလည် ယခုသူနိုးလာသည်နှင့် ကြိုတင်ပြင်ဆင်ထားပုံအရ ညကတည်းကမိမိဖျားမှန်း
သိလိုက်သည်။ကြီးကြီး ကအဝတ်ကိုရေစွတ်ပြီးမိမိမျက်နှာ
ကိုသုတ်ပေးလေသည်။

"ကြီးကြီး သားဘယ်အချိန်က
ဖျားသွားတာလဲဟင်" လို့ကြီးကြီးအားမေးလိုက်သည်။

"ညကသားရေအကြာကြီး
ချိုးလိုက်တာမလား ရာသီဥတုအပြောင်းလဲကြောင့် အအေးမိပြီးဖျားတာနေမယ် သားစောင်ခြုံပြီးမအိပ်မှာစိုးလို့ ကြီးကြီးသားရဲ့အခန်းကိုဝင်ကြည့်
လိုက်လို့သားဖျားမှန်းသိရတာ
ပါကွယ်"

ကြီးကြီးကမိမိဖျားရတဲ့အကြောင်း
ကို ပြောပြလေသည်။

"ဖေဖေပြန်ရောက်ပြီလားဟင်
ကြီးကြီး" နေမကောင်းတဲ့အချိန်ဆိုလျှင် မိဘအနားမှာကပ်ချွဲချင်မိတာ
အမှန်ပင် သို့သော်........

"ပြန်မရောက်သေးဘူးသားလေး အလုပ်တွေလက်စမသတ်
သေးလို့ပြောတယ်" ကြီးကြီးရဲ့စကားဆုံးသည်နှင့် မိမိနှုတ်ခမ်းကိုအော်တိုစူပစ်လိုက်
သည်။

"အမလေး မင်းသားလေး နှုတ်ခမ်းစူပြီးစိတ်ကောက်ပြန်ပြီလား
စိတ်မကောက်နဲ့တော်ကြာရုပ်ဆိုးနေ
မယ် လာဆန်ပြုတ်သောက်ရအောင်"

ကြီးကြီးက မိမိအားချော့မော့၍
ဆန်ပြုတ်တိုက်တော့မည်။
မိမိလုံးဝမသောက် ချင်ပါ။
ဘာအရသာမှမရှိတဲ့ ဒီဆန်ပြုတ်ကို မိမိမသောက်နိုင် မိမိဆန်ပြုတ်မကြိုက်မှန်းသိလျက် ကြီးကြီး ကဘာလို့ လာတိုက်ရမှန်းမသိ။

မြူရိပ် ဖုံးသော နှလုံးသား(Not Complete)Where stories live. Discover now