Chapter(20)

3.8K 281 37
                                    


"အွန်ခေး ဂြိုလ်ကောင်လေး
နင်ဘယ်မှာလဲ ထွက်လာခဲ့"

"မား....."

"ဟိုကောင်ဘယ်မှာလဲ ထွဋ်မြတ် "

"မား.....မား အရမ်းလွန်နေပြီမထင်ဘူးလား"

"ဘာ.........မားလွန်ရအောင်
မားဘာတွေလုပ်နေလို့လဲ"

"မား တကယ်မသိတာလား
မားလုပ်ရပ်ကို မားမသိတာလား"

"မင်း ဘာတွေဖြစ်နေတာလဲထွဋ်မြတ်"

".............."

"ဟိုကောင်မင်းကို ဘာဆေးကျွေးလိုက်လို့
မင်းခုလိုပြောင်းလဲသွားတာလဲ"

ခုချိန်ထိ သူ့အမှားများကိုမမြင်နိုင်သေးသော
မား ကို သူစိတ်ပျက်မိသည်။
ခုထိ အွန်ခေးကိုသာ အပြစ်ရှာနေသောကြောင့်လဲ
စိတ်တိုမိသည်။ အမှန်တကယ်ဆို
အွန်ခေးကို သားအရင်းတစ်ယောက်လို
မချစ်နိုင်ရင်တောင် မား ခုလိုတော့
အွန်ခေးဘဝကို မနှစ်သင့်ပေ။
သူစိတ်ပျက်သည် မား ဘာကြောင့်
လုပ်ရက်နိုင်ရတာလဲ?

" မား ဘာလို့ အွန်ခေးကို
ကျင်းဝမ်ဟုန် လက်ထဲ ထိုးကြွေးတာလဲ"

"ဘာပြောတယ် ထွဋ်မြတ်လူ "

"ဒီမှာ သားထွဋ်မြတ်
မားသူ့ကို ဘယ်လိုပဲသွားခိုင်းပါစေ
သူ့စိတ်ဆန္ဒမပါရင် သူငြင်းလို့ရတယ်လေ
အခုတော့ သူ့ဆန္ဒနဲ့သူသွားတုန်းကသွားခဲ့ပြီး
ခုကျထွက်ပြေးလာတာလေ
မားမျက်နှာဘယ်လောက်
ပျက်ရလဲသိလား?"

"မား......မားကမျက်နှာပျက်ရုံပါ
သူက တစ်ဘဝလုံးပျက်မှာလေ"

"မင်းဘာလို့ သူ့ဘက်က လိုက်ပြောနေရတာလဲ ထွဋ်မြတ်
မားက မင်းရဲ့ မားနော် မင်းမေ့နေလား''

"မမေ့ပါဘူး ဘယ်တော့မှမမေ့ဘူး
မားဟာ ကျနော့် မားပဲ

*မား လောင်းကစားရုံသွားပြီး
ဖဲရိုက်လည်း မားဟာ ကျနော့်မားပဲ

*ဘီယာဘား မှာ မူးရူးပြီးကနေတဲ့မားဟာလဲ လဲကျနော့်မားပါပဲ

*အယုတ်စွဆုံး ပိုက်ဆံ အတွက်နဲ့
အဖေ မဟုတ်တဲ့ သူတွေဆီမှာ
သွားအိပ်တဲ့မားလဲ ကျနော့်မားပါပဲ"

*နောက်ဆုံး မားစိတ်ကြိုက်နေရဖို့
အဖေရင်းကိုတောင် အဝေးကိုပို့ခဲ့တဲ့
မားဟာလဲ ကျနော့်မားပါပဲ

မြူရိပ် ဖုံးသော နှလုံးသား(Not Complete)Onde histórias criam vida. Descubra agora