"ဂျိန်းသော်...ဂျိန်းသော်''လဲကျသွားသော ဂျိန်းသော်ကြောင့်
အသင့်စောင့်ကြည့်နေသော ဘော်ဒီဂတ်များသည် လုပ်ကြံသူကို
အပြေးအလွှား ရှာ၍ လိုက်လံဖမ်းဆီးကြလေပြီ။
ရုတ်ရုတ်သည်းသည်းအခြေအနေ
ကြောင့်ဖေဖေနှင့် မစ္စတာဂျိန်းတို့ အစောင့်များနှင့်အတူပြေးလာခဲ့သည်။
ကံကောင်းသည်မှာ ဓားကလက်မောင်းကို လျှပ်ထိရုံသာ
ထိသွားသည်။"ဂျိန်းသော် အဆင်ပြေရဲ့လား''
ကျွန်တော် အပြေးလေး ဂျိန်းသော်ဆီသို့ရောက်သွားခဲ့သည်။
ဘေးနားမှမယ်ရီကိုလည်းစိုးရိမ်တကြီး
လှမ်းကြည့်မိတော့ သူတော်တော်လေးလန့်သွားပုံရသော်လည်းဂျိန်းသော်နားသို့
အလျင်မြန်ရောက်လာခဲ့သည်။"ဂျိန်းသော် နင် အဆင်ပြေရဲ့လား''
"အင်း...မယ်ရီ ငါဘာမှမဖြစ်ဘူး ဓားကနည်းနည်းလေး
လျှပ်ထိသွားရုံပါ''"သွေးတွေအများကြီးထွက်လာပြီ
မင်းကိုဆေးခန်းပို့ပေးမယ်''ကျွန်တော် တို့်အနားကို ဖေဖေနှင့်
မစ္စတာ ဂျိန်း တို့ ရောက်လာကာ
ဂျိန်းသော် အခြေအနေကို ကိုမေးလိုက်သည်။ မစ္စတာ ဂျိန်း က
အရမ်းစိုးရိမ်နေသည့်မျက်နှာထားဖြင့်-"ဂျိန်းသော်....''
"ဂျိန်းသော် အဆင်ပြေပါတယ်
ဒယ်ဒီ ''ဂျိန်းသော်ကပင် စိုးရိမ်နေသော သူ့
ဒယ်ဒီ ကို အဆင်ပြေကြောင်း
ပြောလိုက်သော်လည်း မစ္စတာ ဂျိန်း
မျက်နှာတွင်တော့ စိုးရိမ်မှုမလျှော့သေးပေ။
ထိုစိုးရိမ်နေသောမျက်နှာရိပ်သည်
ဖေဖေ့ဆီသို့် မေးခွန်းတစ်ခုလို့
အဓိပ္ပာယ် ရသည့်
အကြည့်ဖြင့်ကြည့်လိုက်လေသည်။ကျွန်တော် သည်လည်း မစ္စတာ တာဂျိန်း နည်းတူ တစ်ယောက်တည်း
မေးခွန်းထုတ်နေမိသည်။
ဂျိန်းသော်တို့ မိသားစုမှာ ဒီလို လုပ်ကြံခံရလောက်အောင် ဘာရန်ငြိုးမှမရှိနိုင်ပါ။ ဘာကြောင့်လဲဆိုတော့ ပြည်ပမှာ မွေးပြီး ပြည်ပမှာပဲ ကြီးပြင်းခဲ့ရသည့်
သူတွေမဟုတ်ပေဘူးလား။
မြန်မာကိုမနေ့တနေ့ ကမှ
ရောက်လာခဲ့သောမစ္စတာဂျိန်းတို့
မိသားစုသည်ချက်ခြင်းတော့ ရန်ငြိုးဖွဲ့မယ့်သူမရှိတန်ရာ။
YOU ARE READING
မြူရိပ် ဖုံးသော နှလုံးသား(Not Complete)
General Fiction"မင်းကိုချစ်နေလို့ ငါနာကျင်ရမယ်ဆိုရင် အဲ့ဒီနာကျင်မှုကိုပဲ ငါတစ် သက် လုံး ဖက်တွယ် သွားပါရစေ" #နေဝန်းနီ# "အချစ်ငတ်ခဲ့တဲ့သူ တစ်ယောက်အနေနဲ့ အချစ်ကိုလိုလားတောင့်တနေတာအမှန်ပဲ ဒါပေမယ့် လိုလားစွာပေးလာတဲ့မင်းအချစ်ကို လက်ခံဖို့ ငါ့မှာသတ္တိမရှိခဲ့ဘူး" ...