Chapter(11)

3.9K 291 9
                                    


အဝေးပြေးလမ်းမကြီးတွင်တော့
အသီးသီး ပြေးလွှားနေသော ကားများ......

ကုန်တင်ကား ကြီးတွေ ရှိသလို
ဟိုင်းလက်ကားများ ခရီးသွားကား များ ဖြင့်စီတန်းနေလျက်.....

မနက် မိုးသောက်ချိန် မြူနှင်းများမကွဲသေးသောကြောင့်
ပတ်ဝန်းကျင် ကိုကောင်းစွာမမြင်ရသေး။
ကားမီး များကြောင့်သာ
ကားများကိုကောင်းစွာ
မြင်နေရခြင်းဖြစ်သည်။

တောင်ကြီး_မန္တလေး
အဝေးပြေးကားကြီးပေါ်တွင်တော့..... ကားမှန်ပြတင်းပေါက်ကတစ်ဆင့်
အပြင်သို့ငေးမောနေသောကောင်လေး

ပတ်ဝန်းကျင် သစ် နေရာသစ်မှာ
နေထိုင်ဖို့ မိမိ အဆင့်သင့်မဖြစ်သေး။
မွေးရပ် ဇာတိလဲဖြစ် မိမိ၁၀နှစ်တာကြီးပြင်းလာခဲ့သော
နေရာလေးဖြစ်သော မြို့လေး မိမိအတွက်အမှတ်တရ
ကောင်းများစွာ မရှိခဲ့ပေမယ့်
ဖေဖေနှင့်မေမေ တို့နှင့်အတူနေရချိန်မှာ
မိမိအတွက် ပျော်ရွှင်ခဲ့ရသည်။ ဘယ်သူပြောနိုင်မလဲ
ကံကြမ္မာဆိုတာဖြစ်ချိန်တန်ရင် ဖြစ်လာရစမြဲမို့ရှောင်လွဲလို့မရခဲ့ပေ။

မိမိနောက်ခုံတွင်တော့ ဦးလူနှင့် သူ့ဇနီး
အိပ်မောကျနေသည်။တစ်ညလုံး ပစ္စည်းများ သိမ်းဆည်းပြီး
ဦးထွန်းလူတရေးမှမအိပ်ခဲ့ပေ။
သူ့ဇနီး ကလဲဦးထွန်းလူနှင့်
ဘေးမှာထိုင်ကာ တစ်ညလုံး
စကားပြောနေကြသည်။
မိမိကိုသာ မနက်စောစောသွားမှာမို့်
အတင်းအိပ်ခိုင်းခဲ့သည်။
ဒါကြောင့်သူတို့၂ယောက် တောင်ကြီးမှ ကားစထွက်လာသည်နှင့်
အိပ်ပျော်သွားကြသည်ထင်သည်။
မိမိကတော့ ညက
ခဏအိပ်ထားသောကြောင့်
အိပ်လို့မရတော့ပေ။

ကားစထွက်လာပြီဆိုကတည်းက
ရင်ထဲမှာလေးလံနေခဲ့သည်။ စစထွက်လာချိန်တွင် သော့ခတ်လျက်
ပိတ်ထားသော မိမိတို့မိသားစုလေး
နေထိုင်ခဲ့သောအိမ်လေး  ကိုငေးကြည့်လျက် မျက်ရည်များကျခဲ့ရသည်။ ဒီအိမ်လေးဆီသို့ ဘယ်ချိန်ကျမှမိမိပြန်လာခွင့်ရမလဲ?

မိမိလွမ်းစရာဆိုလို့ မိမိနေထိုင်ခဲ့သော
အိမ်လေးရယ်....

မိမိအမြဲသွားကစားလေ့ရှိတဲ့
တောင်ကုန်းလေးရယ်....

ကျောင်းလမ်းတစ်လျှောက်က
သစ်ပင်လေးတွေရယ်.....
ဒီလောက်ပဲရှိခဲ့သည်။
လွမ်းစရာသူငယ်ချင်းဆိုတာ
မရှိခဲ့ပေ။
သူငယ်ချင်းမရှိခဲ့တာမိမိညံ့ဖျင်းမှု
ကြောင့်ပဲလား ဒါမှမဟုတ်
မိမိကပဲ တခြားသူတွေနဲ့ သီးခြားခွဲထွက်နေတာလား?
မိမိမသိပါ။

မြူရိပ် ဖုံးသော နှလုံးသား(Not Complete)Where stories live. Discover now